လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးအတွက် အများကြီးအကျိုးရှိတယ်ဆိုတာ လူတိုင်းသိကြပေမယ့် တော်တော်များများက မလုပ်ဖြစ်ကြပါဘူး။ တကယ်တော့‌ လေ့ကျင့်ခန်းက ကျန်းမာရေးအတွက်သာမက အလှအတွက်ပါ အများကြီးအကျိုးရှိတာမလို့ အလှကြိုက်တဲ့ပျိုမေတွေအတွက်တော့ လေ့ကျင့်ခန်းကို မဖြစ်မနေလုပ်ပေးသင့်ပါတယ်။

ဒါကတော့ နုပျိုပြီး တောက်ပတဲ့အသားအရေကိုရဖို့ လေ့ကျင့်ခန်းလုပ်သင့်တဲ့အကြောင်းအရင်းတွေပါ။

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဆံပင်မွေးညင်းပေါက်တွေကို လှုံ့ဆော်ပေးတာကြောင့် ချွေးပေါက်ပိတ်တာနဲ့ ဗောက်ဖြစ်တာကို ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ချွေးကနေ ဖယ်ရှားပေးတာကြောင့် အသားအရေကို သဘာဝအတိုင်း ကြည်လင်တောက်ပစေပါတယ်။

လေ့ကျင့်ခန်းလုပ်တာက Collagen ထုတ်လုပ်မှုကို မြှင့်တင်ပေးတာကြောင့် အသားအရေကို နုပျိုစေပြီး ကျန်းမာစေတဲ့အပြင် ကြွက်သားများကို သန်မာစေပြီး အသားအရေကို တင်းရင်းစေပါတယ်။

လေ့ကျင့်ခန်းလုပ်ချိန်မှာ ချွေးပေါက်တွေက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် ချွေးပေါက်ပိတ်လို့ ဝက်ခြံဖြစ်တာကို သက်သာစေပါတယ်။ ဒါကြောင့် အသားအရေ ကြည်လင်ချင်ရင် မကြာခဏ လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း ၃ လ လောက်လုပ်ပြီးချိန်မှာ အသက်ကြီးသူတွေရဲ့ ဆဲလ်တွေက အရင်ကထက် ပိုပြီးနုပျိုလာတာကြောင့် အရွယ်တင်နုပျိုမှုကိုလည်း ရစေပါတယ်။