လေ့ကျင့်ခန်းတွေလုပ်နေပါရက်နဲ့ ဝိတ်မကျတာမျိုး၊ အစာမစားပဲနေပေမယ့်လည်း ဝိတ်မကျတာမျိုးတွေ ရှိပါတယ်။ ဒါကျတော့ ကိုယ့်ရဲ့ lifestyle နဲ့ ကိုယ်ဝိတ်ချတဲ့ပုံစံတွေ မှားယွင်းနေတာကြောင့်လည်း ဖြစ်ဖို့များပါတယ်။ ဒါကြောင့် ဘယ်လိုလုပ်လုပ် ဝိတ်မကျပဲဖြစ်နေရတဲ့ အဓိကအကြောင်းအရင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Workout အလွန်အကျွံလုပ်ခြင်း

Workout များများလုပ်လေ ဝိတ်ကျလေမဟုတ်ပါဘူး။ အလွန်အကျွံလုပ်လို့ ပင်ပန်းတာပဲရှိပါတယ်။ မထိရောက်ပါဘူး။ တကယ်ထိထိရောက်ရောက်နဲ့ နည်းလမ်းမှန်အောင်လုပ်မှသာ သိသာတဲ့ result ကို ရရှိမှာပါ။ ဒါကြောင့် ဝိတ်ကျဖို့အတွက် workout လုပ်မယ်စဉ်းစားထားရင် gym မှာသွားဆော့ရင်ဆော့၊ မဆော့ရင် အိမ်မှာပဲ free program တွေကနေကြည့်ပြီး သူတို့ပြထားတဲ့အတိုင်း သေချာစနစ်တကျ လိုက်လုပ်ပေးပါ။

အိပ်ချိန်လုံလောက်မှုမရှိခြင်း

အိပ်ချိန်လုံလောက်မှုနမရှိရင်၊ အိပ်ရေးမဝ၊ အိပ်ရေးပျက်တာတွေများပြီး stress hormone levels တွေ မြင့်တက်လာမှာပါ။ အဲ့အခါကျရင် အရမ်းပိန်ကျသွားတာမျိုး ဖြစ်နိုင်သလို၊ အဝလွန်လာတာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ ဒါကြောင့် လူတစ်ယောက်မှာ အိပ်ရေးဝဖို့၊ အိပ်ချိန်မှန်ဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။

ကယ်လိုရီများတာတွေစားခြင်း

အစားအသောက်စားတဲ့အခါမှာ ကယ်လိုရီများတာတွေကိုပဲ စားနေမိရင်လည်း ဘယ်လိုလုပ်လုပ် ဝိတ်ကျလာမှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းတွေတော့လုပ်နေပြီး ကယ်လိုရီများတာတွေကိုပဲ အများကြီးစားနေမယ်ဆိုရင်တော့ ပင်ပန်းတာပဲအဖတ်တင်ပါတယ်။ ဒါကြောင့် ကယ်လိုရီနည်းတာတွေကို စားပေးပါ။ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။

အစားအသောက်မဆင်ခြင်ခြင်း

ဝိတ်ကျဖို့အတွက် သိသာချင်ရင် လေ့ကျင့်ခန်းတစ်ခုထဲမလုပ်ပဲ အစားအသောက်ကိုလည်း သေချာစီမံပါ။ အစားအသောက်မဆင်ခြင်ရင်တော့ လေ့ကျင့်ခန်းလုပ်လို့ ဝိတ်ကျသွားလိုက်၊ စားရင် ဝိတ်ပြန်တက်လာလိုက်နဲ့ သံသရာလည်နေမှာပါ။

အထိုင်များပြီးလှုပ်ရှားမှုနည်းခြင်း

နေ့တိုင်း တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတာမျိုးတွေ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု နည်းတာမျိုးတွေ ဖြစ်နေရင်လည်း ဝိတ်မကျတဲ့အပြင် ခါးနဲ့ဗိုက်မှာ အဆီတွေတောင် ပိုများလာပါလိမ့်မယ်။ ဒါကြောင့် တစ်ချိန်လုံးထိုင်နေ၊ လှဲနေတာမျိုး မလုပ်ပါနဲ့။