ဂျိုင်းချွေးနံ့နံရင် Deodorant သုံးရင် ချွေးနံ့ထိန်းပေးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျရင် Deodorant သုံးလည်းပဲ ဂျိုင်းချွေးနံ့ထွက်နေတတ်ပါတယ်။ ဒီလို Deodorant သုံးလည်းပဲ ဂျိုင်းချွေးနံ့ထွက်ရခြင်းက ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဂျိုင်းရေစိုနေချိန်သုံးခြင်း
Deodorant သုံးတဲ့အခါ ရေစိုနေတဲ့အချိန်သုံးရင် အသားမှာသိပ်မစွဲပါဘူး။ ဒီတော့ Deodorant အနံ့လည်း မရတော့ပါဘူး။ Deodorant သုံးထားပေမယ့် ဂျိုင်းချွေးနံ့နံနေပါလိမ့်မယ်။
သေချာမလိမ်းခြင်း
ခုနကလို ရေစိုနေတဲ့အချိန်မှာမသုံးပဲ ရေခြောက်အောင်သေချာသုတ်ပြီး သေချာလိမ်းပါ။ ဂျိုင်းနေရာကို အဓိကလိမ်းပါ။ ဂျိုင်းချွေးနံ့ပြင်းတဲ့သူဆိုရင် လက်မောင်းအနောက်ဘက်တွေကိုလည်း သုံးပေးပါ။ သေချာမလိမ်းရင်တော့ Deodorant သုံးလည်း ဂျိုင်းချွေးနံ့နံမှာပါပဲ။
Stress များနေခြင်း
Stress တွေ အရမ်းများနေရင်လည်း ဟော်မုန်းအပြောင်းအလဲကြောင့် ပုံမှန်ထက်ပိုပြီး ချွေးထွက်တာ၊ ချွေးနံ့ထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
Exfoliate မလုပ်ခြင်း
Body scrub လုပ်သလိုပဲ ဂျိုင်းကိုလည်း တစ်ပတ်တစ်ကြိမ် ပုံမှန် Exfoliate လုပ်ပေးသင့်ပါတယ်။ Exfoliate မလုပ်ရင် Deasd skin cells တွေနဲ့ ချွေးပေါက်ပိတ်ပြီး အနံ့ဆိုးပိုထွက်စေပါတယ်။ အနံ့အရမ်းပြင်တဲ့အခါ Deodorant သုံးလည်း အဆင်မပြေတာမျိုးက ဖြစ်တတ်ပါတယ်။
အနံ့အသက်မကောင်းစေတဲ့အစားအသောက်စားခြင်း
အစထဲက ဂျိုင်းချွေးနံ့နံတဲ့သူတွေက အစားအသောက်လည်း ဆင်ခြင်သင့်ပါတယ်။ အနံ့အသက်မကောင်းတဲ့ အစားအသောက်တွေ ဥပမာ – ကြက်သွန်ဖြူ၊ ကြက်သွန်နီစတာတွေက ချွေးနံ့ ကိုယ်နံ့ ပိုနံစေပါတယ်။ ဒါတွေစားတာများတဲ့အခါ Deodorant သုံးလည်း ချွေးနံ့ကို မထိန်းနိုင်တော့တာမျိုး ဖြစ်လေ့ရှိပါတယ်။