အားရပါးရနဲ့ ရယ်မောလိုက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ ဒီလိုကောင်းကျိုး ၅ ခု ဖြစ်ပေါ်လာပါတယ်။

ကယ်လိုရီလောင်ကျွမ်းခြင်း

အားရပါးရနဲ့ ၁၅ မိနစ်လောက် ရယ်မောခြင်းက ကယ်လိုရီတွေ လောင်းကျွမ်းသွားစေပါတယ်။ ဝိတ်ကျစေဖို့ အထောက်အကူပြုတာကြောင့် များများရယ်မောပေးပါ။

Stress တွေလျော့ကျသွားခြင်း

စိတ်လွတ်ကိုယ်လွတ်နဲ့ အားရပါးရရယ်မောလိုက်ရင် stress တွေယူပစ်လိုက်သလို လျော့ကျသွားစေပါတယ်။ ဒါကြောင့် စိတ်ညစ်နေရင်၊ စိတ်ဖိစီးမှုတွေများနေရင်၊ stress တွေအားလုံး လျော့ကျသွားအောင် ရယ်စရာတွေများများကြည့်ပြီး အားရပါးရရယ်မောပေးပါ။

သွေးပေါင်ချိန်ကောင်းစေခြင်း

များများရယ်မောပေးခြင်းက သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး နှလုံးရောဂါမဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကျနေရင် များများရယ်မောပေးပါ။ သွေးပေါင်ချိန် ပြန်ကောင်းလာစေပါတယ်။

အသက်ရှူလမ်းကြောင်းပိုကောင်းလာခြင်း

အားရပါးရရယ်မောပေးခြင်းက အသက်ရှူလမ်းကြောင်း ပိုကောင်းလာပြီး အဆုတ်ကျန်းမာရေး ပိုကောင်းလာစေပါတယ်။ မှိုင်တွေနေတာထက်စာရင် ရယ်မောပေးခြင်းက ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်ပါတယ်။

နာကျင်မှုတွေသက်သာစေခြင်း

နာကျင်နေတဲ့အချိန်မှာ စိတ်လွတ်ကိုယ်လွတ်နဲ့ အားရပါးရရယ်ချလိုက်ပါ။ နာကျင်မှုတွေကိုတောင် မေ့ပျောက်သွားပါလိမ့်မယ်။ နာနေတာကိုပဲ အာရုံရောက်နေရင် ပိုပြီးခံရပါတယ်။ ဒါကြောင့် မေ့ပျောက်သွားအောင် ရယ်မောလိုက်ပါ။