နေ့စဉ်ဘဝမှာ လူတိုင်းလုပ်မိလေ့ရှိတဲ့ အမှားတွေကတော့ အများကြီးပါပဲ။ အဲ့ဒီထဲကမှ အမြဲတမ်းလုပ်နေကြတဲ့ အမှား ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအမှားတွေကို ဘယ်လိုပြင်ရမလဲဆိုတာလည်း သိသွားမယ်ဆိုရင် အကျိုးရှိစေမှာပါ။

Tea Bag စိမ်သောက်တဲ့အခါ

Tea bag စိမ်သောက်တဲ့အခါမှာ တော်တော်များများက စိမ်ထားပြီး သောက်တော့မယ်ဆိုရင် te bag ကို ထုတ်လိုက်ကြပါတယ်။ တကယ်တော့ မထုတ်ပဲနဲ့ စိမ်ထားတဲ့အတိုင်းပဲ သောက်ရမှာပါ။ ဒါမှ အရသာပိုရှိပြီး အာနိသင်လည်း ပိုရှိစေပါတယ်။

သွားတိုက်ဆေးကိုအများကြီးထည့်ခြင်း

သွားတိုက်တဲ့အခါမှာ တော်တော်များများက သွားတိုက်ဆေးကို အများကြီးထည့်ပြီး တိုက်တတ်ကြပါတယ်။ အများကြီးထည့်တိုက်လို့လည်း ပိုကောင်းသွားတာ မရှိပါဘူး။ သွားတိုက်ဆေးကုန်တာပဲ ရှိပါတယ်။ ဒါကြောင့် သင့်တော်သလောက် ပမာဏပဲ ထည့်ပြီးတိုက်ပါ။ အဓိကက သွားတိုက်ပုံ စနစ်ကျဖို့၊ သေချာတိုက်ဖို့ပဲ လိုတာပါ။

အဝတ်ခေါက်တဲ့အခါ

အဝတ်တွေခေါက်တဲ့အခါမှာ ဘီဒိုထဲထည့်ရင်တော့ ပုံမှန်အတိုင်း ခေါက်လို့ရပါတယ်။ ဒါပေမယ့် ခရီးသွားဖို့ အိတ်ထဲထည့်မယ်ဆိုရင်တော့ ဒီတိုင်းခေါက်ထည့်တာက နေရာပိုယူပါတယ်။ ဒါကြောင့် လိပ်ပြီးထည့်ပါ။ နေရာပိုကျယ်ပြီး ပိုဆန့်ပါတယ်။

ပေါင်မုန့်လှီးတဲ့အခါ

ဒီလိုပေါင်မုန့်အလုံးလေးတွေကို လှီးတဲ့အခါမှာ တော်တော်များများက အတည့်အတိုင်းပဲလှီးပါတယ်။ အတည့်အတိုင်းလှီးရင် ပေါင်မုန့်သားတွေ မွပြီးကျေကုန်တာကို တွေ့ကြမှာပါ။ တကယ်တော့ ပြောင်းပြန်လှန်ပြီး လှီးမှ နည်းလမ်းမှန်တာပါ။

ပန်းကန်တွေကိုရေစစ်တဲ့အခါ

ပန်းကန်ဆေးပြီးရင် အများစုက ရေစစ်အောင်လို့ မှောက်တာမျိုးပဲ လုပ်ကြပါတယ်။ ဒီလိုမှောက်တာထက် အဝတ်နဲ့ သေချာသုတ်ပေးတာမျိုး လုပ်သင့်ပါတယ်။ အမြန်လည်းခြောက်သလို တစ်ခါထဲလည်း သန့်စင်ပြီးသား ဖြစ်ပါတယ်။ အပြင်မှာထားရင်ကျတော့ ဖုန်တွေပြန်ကပ်တာ၊ အနံ့မကောင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။