ပီကေဝါးရင်ပါးရိုးကားတယ်ဆိုတာမျိုး လူကြီးတွေပြောတာကို ကြားဖူးကြမှာပါ။ ဒါပေမယ့် ပီကေဝါးပေးခြင်းက ကောင်းကျိုးတွေလည်း ရှိပါတယ်။ ပီကေဝါးပေးရင် ဒီကောင်းကျိုး ၅ ခုကိုတော့ ချက်ချင်းရရှိစေပါတယ်။
စားသောက်မှုကိုလျှော့ချပေးခြင်း
ပီကေဝါးပေးနေခြင်းက overeating ဖြစ်မှုကို ကာကွယ်ပေးပြီး စားသောက်မှုကို လျော့နည်းသွားစေပါတယ်။ တစ်ချိန်လုံး တစ်စွတ်စွတ် စားနေတတ်တဲ့သူတွေအတွက်တော့ စားသောက်ချင်စိတ်ကို control လုပ်ပေးပါတယ်။
စွမ်းဆောင်မှုပိုကောင်းလာစေခြင်း
ပီကေဝါးပြီး စဉ်းစားတွေးတောပြီးလုပ်ရင် ပို active ဖြစ်ပြီး စွမ်းဆောင်မှုတွေ ပိုကောင်းလာစေတယ်၊ ဦးနှောက်အလုပ်လုပ်မှု ပိုတိုးတက်လာစေတယ်၊ သွေးစီးဆင်းမှု ပိုကောင်းလာစေပါတယ်။ ပြဿနာတွေ၊ ခေါင်းရှုပ်စရာတွေရှိနေရင် ပီကေဝါးပြီးသာ ခဏ relax လုပ်လိုက်ပါ။
အစာအိမ်ပြဿနာတွေလျော့နည်းလာခြင်း
ပီကေဝါးပေးခြင်းက အစာအိမ်ပြဿနာတွေကိုလည်း လျော့နည်းသွားစေပါတယ်။ အဓိကကတော့ ဗိုက်ဆာလို့ ဗိုက်အောင့်တာတွေကို သက်သာစေပါတယ်။ ဗိုက်ဆာနေပေမယ့် စားသောက်ဖို့အဆင်မပြေသေးရင် ပီကေခဏဝါးနေလိုက်ပါ။
Stress တွေလျော့ကျစေခြင်း
Stress တွေများနေရင် ပီကေဝါးလိုက်ပါ။ ပီကေဝါးပေးခြင်းက stress hormone တွေကို လျှော့ချပေးနိုင်ပြီး စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားနေတာတွေကိုလည်း လျော့ကျသွားစေပါတယ်။ စိတ်တည်ငြိမ်ပြီး နေလို့ကောင်းသွားစေပါတယ်။
အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းလာခြင်း
ပီကေဝါးပေးခြင်းက အလုပ်နဲ့ပတ်သက်လာရင်လည်း အာရုံစူးစိုက်နိုင်စွမ်းတွေ ပိုကောင်းလာစေတယ်၊ အလုပ်လုပ်နေရင်း ပီကေဝါးပြီးလုပ်ကြည့်ပါ။ လုပ်ရတာပိုမြန်ပြီး တက်ကြွလာပါလိမ့်မယ်။ တစ်ခုခုကို အာရုံစိုက်ဖို့ခက်ခဲနေရင် ပီကေဝါးပြီး စဉ်းစားလုပ်ဆောင်ကြည့်ပါ။