စိတ်ညစ်နေတဲ့သူတွေ၊ စိတ်ဓာတ်ကျနေတဲ့သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့သူတွေအတွက် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမယ့် ယောဂကျင့်စဉ် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အချိန်ရရင် နေ့တိုင်း ဒီယောဂကျင့်စဉ်တွေကို လုပ်ပေးမယ်ဆိုရင်တော့ mental health ပိုကောင်းလာမှာပါ။

ယောဂကျင့်စဉ် ၁

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ ပြည့်အောင်နေပေးပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ တခြားဆီစိတ်မရောက်ပဲ ဒီယောဂအပေါ်မှာပဲ အာရုံစိုက်ပြီးလုပ်ပေးပါ။ နောက်ပိုင်းလုပ်နိုင်လာတဲ့အခါမှာ စက္ကန့် ၆၀ နေပေးပါ။

ယောဂကျင့်စဉ် ၂

ပုံမှာပြထားတဲ့အတိုင်း ၁၅ စက္ကန့်တော့ ရအောင်နေပေးပါ။ အချိန်ပြည့်ရင် ခဏရပ်ပြီး ၁၅ စက္ကန့် ထပ်နေပေးပါ။ စုစုပေါင်းလုပ်ရမယ့်အချိန်က စက္ကန့် ၃၀ ဖြစ်သွားပါလိမ့်မယ်။ ဒီယောဂကျင့်စဉ်ကိုလည်း နောက်ပိုင်းကျရင် ပိုတိုးပြီးလုပ်ပေးပါ။

ယောဂကျင့်စဉ် ၃

ဒီယောဂကျင့်စဉ်ကတော့ အရမ်းလွယ်တဲ့အတွက် ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၆၀ လောက်ရအောင် နေပေးပါ။ အဲ့လိုနေတဲ့အချိန်မှာ အသက်ကို ခပ်ပြင်းပြင်းလေးရှူထုတ်လိုက်၊ ရှိုက်သွင်းလိုက်နဲ့ လုပ်ပေးပါ။

ယောဂကျင့်စဉ် ၄

မျက်စိမှိတ်ပြီး ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အဲ့လိုနေတဲ့အချိန်မှာ အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။ အသက်ရှူသွင်းရှူထုတ်လုပ်နေတဲ့ဆီကိုပဲ စိတ်နှစ်ထားပေးပါ။ အချိန်ပြည့်ရင် နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးပါ။

ယောဂကျင့်စဉ် ၅

ဒီယောဂကျင့်စဉ်ကတော့ အခုမှစလုပ်မယ့်သူဆိုရင် မလုပ်သင့်ပါဘူး။ ယောဂသင်တန်းတက်ထားပြီး လုပ်တတ်တဲ့သူ၊ လုပ်ဖူးတဲ့သူဆိုရင်တော့ try ကြည့်လို့ရပါတယ်။ ကိုယ်အဆင်ပြေသလောက်ပဲ နေပေးပါ။