Gym ကိုတကူးတကသွားပြီး ဆော့နေစရာမလိုပဲနဲ့ ကယ်လိုရီလျော့ကျလာအောင် သင်ကိုယ်တိုင် နေ့စဉ်ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေက ကယ်လိုရီလျော့ကျလာစေဖို့ ကူညီပေးမယ့် နည်းလမ်းတွေဖြစ်တာကြောင့် ကိုယ်က ကယ်လိုရီကျချင်ပေမယ့် Gym သွားဖို့ကျတော့လည်း အဆင်မပြေဘူး၊ အချိန်မရှိဘူးဆိုရင် ဒါလေးတွေကိုတော့ လုပ်ပေးသင့်ပါတယ်။

ရေနွေးနဲ့ရေချိုးခြင်း

ရေနွေးနဲ့ ရေချိုးပေးခြင်းက relax ဖြစ်စေပြီး stress တွေ ပြေပျောက်စေပါတယ်။ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းသွားစေပါတယ်။ တစ်နာရီကြာ ရေနွေးစိမ်ပေးခြင်း၊ ရေနွေးနဲ့ရေချိုးပေးခြင်းက ၁၃၀ ကယ်လိုရီ လောင်ကျွမ်းသွားစေပါတယ်။

ရေနွေးသောက်ခြင်း

ရေနွေးသောက်ပေးခြင်းက ကျန်းမာရေးအတွက် ကောင်းသလိုပဲ ကယ်လိုရီတွေလောင်ကျွမ်းသွားစေဖို့လည်း ကူညီပေးပါတယ်။ ဝိတ်ကျချင်ရင် ရေခဲရေတွေသောက်မယ့်အစား ရေနွေးသောက်ပေးပါ။

အိမ်မှုကိစ္စတွေလုပ်ပါ

အိမ်မှုကိစ္စတွေကိုလုပ်တာကလည်း လှုပ်ရှားနေရတဲ့အတွက် ကယ်လိုရီတွေလောင်ကျွမ်းစေတယ်၊ အဆီကျစေပါတယ်။ တစ်နာရီလောက် လျှော်ဖွတ်တာ၊ နံရံဆေးသုတ်တာ၊ ဖုန်သုတ်တာ၊ သန့်ရှင်းရေးလုပ်တာတွေက ကယ်လိုရီ ၁၀၀ လောက် လောင်ကျွမ်းသွားစေပါတယ်။ မိနစ် ၃၀ လောက် ရေချိုးခန်းကို သန့်ရှင်းရေးလုပ်တာက ကယ်လိုရီတွေအများကြီး လောင်ကျွမ်းစေပါတယ်။ အပြေးစက်ပေါ်မှာ ပြေးတာနဲ့တောင် ညီမျှပါသေးတယ်။

Green tea

Green tea ပူပူလေး သောက်ပေးခြင်းကလည်း ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ဝိတ်ကျစေပါတယ်။ အဆီကျစေပါတယ်။ နေ့တိုင်းသောက်ပေးရင် ပိုကောင်းပါတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်သလို stress တွေလည်း ပြေလျော့စေပါတယ်။