Workout လုပ်မယ်ဆိုရင် Workout တစ်ခုထဲလုပ်နေလို့ မရပါဘူး။ ကိုယ့်ဘက်ကလည်း တခြားဆင်ခြင်သင့်တာတွေ ဆင်ခြင်၊ လုပ်သင့်တာတွေ လုပ်ပေးမှ ပိုမိုထိရောက်တဲ့ Result ကို ရရှိလာမှာပါ။ ဒါကြောင့် Workout လုပ်တဲ့အခါမှာ ပိုပြီးထိရောက်မှုရှိအောင် ကိုယ့်အနေနဲ့ လုပ်ပေးရမယ့်အချက် ၄ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ပုံမှန်လုပ်ပါ

အရေးအကြီးဆုံးအချက်ကတော့ ပုံမှန်လုပ်ဖို့ပါပဲ။ စစချင်းမှာတော့ အရမ်းစိတ်အားထက်သန်ပြီး တက်တက်ကြွကြွလုပ်နေပြီး ဘယ်လောက်မှမကြာသေးဘူး ပျင်းလာလို့ မလုပ်တော့တာတွေ၊ လုပ်ချင်မှလုပ်ပြီး မလုပ်ချင်တဲ့နေ့ဆို မလုပ်ပဲနေတာတွေက ပင်ပန်းတာပဲရှိပါတယ်။ ထိရောက်မှုမရှိပါဘူး။ ဒါကြောင့် လုပ်မယ်ဆိုရင်လည်း သေချာထိရောက်မှုရှိအောင် ပုံမှန်လေးလုပ်သွားပေးပါ။

အစားအသောက်လည်းဆင်ခြင်ပါ

Workout လုပ်တာက အစားအသောက်နဲ့တွဲပြီးလုပ်ရင် ပိုထိရောက်ပါတယ်။ ဝိတ်ချနေတဲ့သူဆိုလည်း Workout တော့လုပ်နေပါရက်နဲ့ အစားအသောက်ကတော့ မဆင်ခြင်ပဲ စားချင်သလိုစားနေမယ်ဆိုရင် ထင်သလောက် ခရီးရောက်မှာ မဟုတ်ပါဘူး။ ပိန်ချင်တဲ့သူပဲဖြစ်ဖြစ်၊ ဝချင်တဲ့သူပဲဖြစ်ဖြစ် Workout တစ်ခုထဲကိုပဲ အားမကိုးပဲ အစားအသောက်ကိုလည်း သေချာ Plan ချစားတာမျိုး လုပ်ပေးမယ်ဆိုရင် ပိုထိရောက်ပါတယ်။ Result လည်း ပိုမြန်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်တာတွေများရင် အိပ်ရေးမဝရင် Workout လုပ်ရတာ ပိုပင်ပန်းပါတယ်။ အားနည်းပြီးမူးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Workout ကောင်းကောင်းလုပ်နိုင်အောင် အိပ်ရေးဝအောင်အိပ်ဖို့ကလည်း အဓိကလိုအပ်တဲ့ အချက်တစ်ချက်ပါပဲ။

Body Goal ထားပြီးလုပ်ပါ

နောက်ဆုံးတစ်ချက်ကတော့ Workout လုပ်မယ်ဆိုရင် Body Goal ထားပြီးလုပ်ပါ။ ဘယ်လိုပုံစံဖြစ်ရမယ်၊ ဘယ်လောက်ဝိတ်ကျရမယ်ဆိုပြီး သေချာလုပ်ပါ။ ဖြစ်ချင်စိတ်ရှိမှ Goal တစ်ခုခုကို Target ထားမှ Workout လုပ်ရတာ ပိုအားတက်စေတယ်၊ ပိုပြီးတက်ကြွစေပါတယ်။ ပျင်းလို့မလုပ်ချင်တဲ့နေ့တွေမှာတောင် ငါ့ Body Goal ရဖို့အတွက် လုပ်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့သာ ထလုပ်ပါ။ လုံးဝမပျင်းပါနဲ့။