လေ့ကျင့်ခန်းလုပ်တာက အိမ်မှာလုပ်တာ၊ Gym မှာလုပ်တာက ဘာမှမဖြစ်ပါဘူး။ အပြင်မှာထွက်လုပ်ရင်ကျတော့ သတိထားရမယ့် အရာလေးတွေ ရှိပါတယ်။ အထူးသဖြင့် အပြင်မှာ လေ့ကျင့်ခန်းထွက်လုပ်တဲ့အခါ ဒီအချက် ၄ ချက်ကို သတိထားရပါမယ်။

Dehydration

အပြင်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ Dehydration ရေဓာတ်ခမ်းခြောက်တာမျိုးမဖြစ်အောင် ကာကွယ်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် အပြင်မှာ လေ့ကျင့်ခန်းထွက်လုပ်တဲ့အခါ ရေဘူးအမြဲဆောင်သွားပါ။ နေရသောက်ပေးပါ။

Sunscreen

မနက်အစောကြီး လေ့ကျင့်ခန်းထွက်လုပ်တာကလွဲလို့ ကျန်တဲ့အချိန်တွေမှာ Sunscreen လိမ်းပေးရပါမယ်။ နွေရာသီလို အရမ်းပူပြင်းတဲ့အချိန်မှာဆိုရင် မနက်ပိုင်းထွက်လုပ်လည်း Sunscreen လိမ်းပေးတာ ပိုကောင်းပါတယ်။ လေ့ကျင့်ခန်းထွက်လုပ်ပြီး အသားအရေပျက်စီးတာမျိုး မဖြစ်အောင်လို့ ဒီအချက်ကိုလည်း သတိထားရပါမယ်။

Overheating

Overheating အန္တရာယ်ကလည်း အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ရာသီဥတုကို ကြည့်ပြီးတော့ အပူချိန်အရမ်းမြင့်နေတဲ့အခါမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ မနက်စောစောနဲ့ ညနေပိုင်း နေအေးမှ လေ့ကျင့်ခန်းလုပ်ရတာကတော့ အကောင်းဆုံးပါပဲ။ အပြင်ထွက်လုပ်တဲ့အခါ နေပူရင် ပိုမောပြီး အားအင်ကုန်ခမ်းတာ၊ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်စေတဲ့အတွက် ပိုသတိထားရပါမယ်။

Shoe

လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဖိနပ်က အရမ်းအရေးကြီးပါတယ်။ အပြင်မှာ လေ့ကျင့်ခန်းထွက်လုပ်လို့ဆိုပြီး ရိုးရိုး Slipper စီးလိုက်တာမျိုး လုံးဝမလုပ်မိပါစေနဲ့။ Shoe စီးမယ်ဆိုရင်လည်း Shoe ဖြစ်ပြီးရောမစီးပါနဲ့။ အားကစား Shoe ဖိနပ်တွေစီးပေးရပါမယ်။