Workout လုပ်တဲ့အခါမှာ ပိုပြီးထိရောက်မှုရှိဖို့အတွက်ဆိုရင် ဒီအချက် ၄ ချက်လည်း လိုအပ်ပါတယ်။ ဒါမှ ပင်ပင်ပန်းပန်း Workout လုပ်ထားရတာနဲ့တန်တဲ့ Result မျိုးကို ရရှိမှာ ဖြစ်ပါတယ်။

ပုံမှန်မပျက်မကွက်လုပ်ပါ

အရေးအကြီးဆုံးအချက်ကတော့ Workout လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် ပုံမှန်လုပ်ပါ။ စိတ်ပါရင်လုပ်လိုက်၊ စိတ်မပါရင် မလုပ်ပဲနေလိုက်နဲ့ဆိုရင် ပင်ပန်းပြီး ထိရောက်မှုရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အရေးကြီးတာက ပုံမှန် မပျက်မကွက်လုပ်ဖို့ပါပဲ။

နည်းစနစ်မမှားပါစေနဲ့

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ လုပ်ပုံလုပ်နည်း နည်းစနစ်မမှားပါစေနဲ့။ Workout လုပ်တဲ့အခါ နည်းစနစ်မှားနေရင် ပင်ပန်းပြီး အကျိုးမရှိဖြစ်နေပါလိမ့်မယ်။ ခါးနာတာ၊ အရိုးအဆစ်နာတာတွေလည်း ဖြစ်တတ်တာကြောင့် ဒီအချက်က အရေးကြီးပါတယ်။

စိတ်ပြတ်သားဖို့

Workout လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် Body Goal ထားပါ။ အဲ့အတိုင်းဖြစ်အောင်လုပ်မယ်ဆိုပြီး မပျင်းမရိလုပ်ပါ။ စိတ်မပါပဲ ပြီးပြီးရောလုပ်တာမျိုး၊ ပြီးချင်ဇောနဲ့ အမြန်လုပ်တာမျိုးတွေ မဖြစ်ပါစေနဲ့။ ကိုယ့်စိတ်ကို သေချာဆုံးဖြတ်ပြီး လုပ်ပါ။

အစားအသောက်

Workout လုပ်တာ ပိုထိရောက်အောင် Result မြန်အောင် အစားအသောက်ပါ သေချာဂရုစိုက်ပေးပါ။ ဝိတ်ချနေတဲ့သူဆိုရင် Workout လုပ်ရင်းနဲ့ အစားလည်းသေချာဆင်ခြင်ပါ။ ဝိတ်တက်ဖို့ လုပ်နေတဲ့သူဆိုလည်း Workout လုပ်ရင်းနဲ့ အသားဖြစ်စေမယ့် အစားအသောက်တွေ၊ ပရိုတင်းဓာတ်ပါတာတွေ စားသုံးပေးပါ။ ဒါဆိုရင် Result က ပိုသိသာတယ်၊ ပိုမြန်ပါတယ်။