လူတစ်ယောက်ဟာ တစ်ပတ်မှာ ဘယ်နှစ်ရက်ပဲ Productive ဖြစ်သလဲဆိုတာ သိပါသလား။ သိပ္ပံသုတေသနတွေအရ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးနဲ့ လုပ်အားတွေ အတက်ဆုံး အချိန်ဟာ တစ်ပတ်မှ ၄၅ နာရီပဲ ရှိတယ်လို့ ဆိုပါတယ်။ ပြောရရင် တစ်ပတ်မှ ၂ ရက်လောက်ပဲ ကိုယ့်စွမ်းရည်ကို အမြင့်ဆုံး ထုတ်နိုင်တာလို့ ဆိုရမှာပါ။

အလုပ်တွေ တအားလုပ်တဲ့သူတွေလည်း လုပ်တိုင်း ထိရောက်တာမှ မဟုတ်တာ။ အလုပ်ကို စမတ်ကျကျ လုပ်တတ်တဲ့ တကယ့် Productive People တွေကတော့ သူတို့ရဲ့ စွမ်းအင်ကို အမြင့်ဆုံးဖြစ်စေဖို့ နေ့တိုင်းမှာ ဒါတွေ လုပ်တတ်ကြပါတယ်။

(၁) Mood ကို ထိန်းတယ်

Cute smiles on boxes that is on the heads happy couple together in their new house

Photo: Freepik

တစ်နေ့တာရဲ့ အဖွင့် မနက်နိုးထတာက စလို့ အေးချမ်းတည်ငြိမ်ပြီး စူးစိုက်မှုရှိတဲ့ စိတ်ခံစားချက်ကို ထိန်းထားဖို့ လိုပါတယ်။ ကိုယ့်စိတ်ကို ညစ်ညူးနောက်ကျိစေမယ့် အာရုံတွေ အဝင်မခံပါနဲ့။ မိုးလင်းလင်းချင်း ဖုန်းမပွတ်ပါနဲ့။ အီးမေးလ်တွေ မဖတ်ပါနဲ့။ အိပ်ရာနိုးနိုးချင်း တစ်နာရီခွဲလောက်အတွင်း စိတ်အခြေအနေဟာ တစ်နေ့တာကို လွှမ်းမိုးနိုင်ပါတယ်။

(၂) မ,မခင် အရင်ချိန်ဆတယ်

Making to-do list in lovely office

Photo: Freepik

အလုပ်တစ်ခုကို ဘယ်လောက်အချိန်ပေးပြီး ဘယ်လို လုပ်ရမလဲဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ အလုပ်ကို အမြန်ပြီးဖို့ မကြိုးစားခင်မှာ ဒီအလုပ်ကို ဘယ်လိုလုပ်ရင် အကောင်းဆုံးနဲ့ အထိရောက်ဆုံး ပြီးမြောက်မလဲဆိုတာ အချိန်ယူစဉ်းစားသင့်ပါတယ်။ နည်းနည်းလောက် အချိန်ယူလိုက်တာနဲ့ ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ ပိုပြီး စမတ်ကျကျ အလုပ်ဖြစ်သွားပါလိမ့်မယ်။

(၃) အရေးမပါတာတွေကို ခေါင်းထဲမထည့်ဘူး

Peaceful smiling beautiful woman making zen gesture

Photo: Freepik

အာရုံစူးစိုက်နိုင်စွမ်းဆိုတာ တစ်ခြားမဟုတ်ပါဘူး။ အနှောင့်အယှက်တွေကို ကျော်ကြည့်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြဿနာရဲ့ အရင်းအမြစ်ကိုပဲ ကြည့်နိုင်အောင် ကြိုးစားပါ။ တစ်ခြား အာရုံထွေပြားစရာတွေနောက် မလိုက်ပါနဲ့။

(၄) အစီအစဉ်ရှိတယ်

young woman Writing To Notebook

Photo: Freepik

ဒီနေ့ လုပ်နေတဲ့ အရာတွေအတွက် မနေ့တစ်နေ့ကပဲ စီစဉ်ထားခြင်းကလည်း အရည်အချင်းပါပဲ။To-Do List တွေ ချတာထက် ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အချိန်နဲ့ဇယားနဲ့ အလုပ်လုပ်တာဟာ ပိုလည်း အလုပ်လုပ်နိုင်သလို စိတ်ရောလူပါ လေသွားတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။