တော်တော်များများက အိပ်ပြီဆိုရင် စောင်ခြုံပြီးပဲ အိပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် စောင်မပါပဲ အိပ်မယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ ဒီလိုကောင်းမွန်တဲ့အရာ ၄ မျိုး ဖြစ်ပေါ်လာပါလိမ့်မယ်။

Metabolism ပိုကောင်းလာခြင်း

စောင်မပါပဲအိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်ရဲ့ metabolism ကို ပိုမိုကောင်းမွန်လာအောင် boost လုပ်ပေးနိုင်ပါတယ်။ ကယ်လိုရီတွေလည်း လောင်ကျွမ်းတာမြန်စေပြီး ပေါ့ပါးမှုရှိစေပါတယ်။ စောင်နဲ့ဆိုရင်တောင် စိတ်ရှုပ်တာမျိုး၊ တစ်ချက်တစ်ချက်ပူသလို ခံစားရတာမျိုး ဖြစ်စေပါတယ်။ စောင်မပါရင်တော့ အိပ်ရတာလည်းအေးပြီး နေလို့ပိုကောင်းစေပါတယ်။

မြန်မြန်အိပ်ပျော်စေခြင်း

အရမ်းအေးနေလို့ စောင်ခြုံအိပ်ရတာမျိုးကလွဲလို့ ကျန်တဲ့အချိန်မှာ စောင်မခြုံပဲအိပ်တတ်အောင် ကြိုးစားကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ စောင်မပါပဲအိပ်တာက ပိုပြီးတော့ မြန်မြန်အိပ်ပျော်စေပါတယ်။

Sleep Quality ပိုကောင်းလာခြင်း

ခုနကပြောခဲ့သလိုပဲ စောင်မပါပဲအိပ်တာက ပိုပြီးတော့ မြန်မြန်အိပ်ပျော်စေတဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေပြီး အိပ်ရေးဝစေပါတယ်။ အိပ်မပျော်တတ်တဲ့သူတွေဆိုရင်လည်း အရင်က စောင်ခြုံပြီးအိပ်နေကျဆိုရင် စောင်မခြုံပဲ ဒီတိုင်းပြောင်းအိပ်ကြည့်သင့်ပါတယ်။

အသားအရေပိုကောင်းလာခြင်း

စောင်နဲ့အိပ်ရင် ပူတာနဲ့ ချွေးထွက်တာနဲ့ အသားအရေကိုထိပြီး အဆီဖုထွက်တာ၊ ဝက်ခြံထွက်တာမျိုးတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် စောင်က မျက်နှာနဲ့ထိနေရင် စောင်မသန့်တဲ့အခါ ဝက်ခြံတွေထွက်လာတာမျိုး၊ ယားတာမျိုး၊ အသားအရေညစ်တာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် စောင်မပါပဲအိပ်မယ်ဆိုရင်တော့ ဒီလိုအသားအရေပြဿနာတွေ မဖြစ်တော့ပါဘူး။

source:www.brightside.me