အားလုံးပဲ မင်္ဂလာပါ။ MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်လေးတွေထဲမှာ ကိုရီးယားကားကြိုက်သူတွေ ပါလားရှင့်။

ကိုရီးယားဇာတ်လမ်းတွဲတွေကို သည်းသည်းလှုပ်ကြိုက်ကြတဲ့ သူဆိုရင်တော့ အခုဖော်ပြပေးမယ့် အနုပညာရှင်တို့ကို သိကြမယ်လို့ ထင်ပါတယ်နော်။

ဇာတ်ကားတစ်ကားမှာ ဇာတ်လမ်းကောင်းရုံနဲ့မရသလို ပါဝင်သရုပ်ဆောင်တဲ့ အနုပညာရှင်တို့ကလည်း အတွဲညီညီ သရုပ်ဆောင်တတ်မှ ဒီဇာတ်ကားကလည်း စိတ်ဝင်စားစရာကောင်းပြီး လူကြည့်များလာတာပါ။

မြန်မာနိုင်ငံကအနုပညာရှင်တွေဟာဆိုရင်လည်း လိုက်ဖက်လွန်းလို့ မကြာမကြာ တွဲပြီးသရုပ်ဆောင်ကြသလို တောင်ကိုရီးယားမှာဆိုရင်လည်း တစ်ကြိမ်ထက်ပိုပြီး သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေလည်းရှိပါတယ်နော်။

ကဲ…ဒါဆိုရင် ဘယ်အနုပညာရှင်တွေက ဘယ်လိုဇာတ်လမ်းလေးတွေမှာ နောက်ထပ်သရုပ်ဆောင်ထားကြလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

Lee Dong Work & Yoo In Na

Source: asyarazzi.com

Goblin ဇာတ်ကားထဲမှာ ခေါင်းဆောင်အနေနဲ့မဟုတ်ပေမယ့်လည်း ခေါင်းဆောင်မင်းသား၊ မင်းသမီးတွေနီးပါး ပရိတ်သတ်တွေရဲ့ အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ Lee Dong Wook နဲ့ Yoo In Na ဟာဆိုရင်လည်း ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုကြောင့် Touch Your Heart အမည်ရှိ ဇာတ်ကားအသစ်မှာ နောက်ထပ်အတူတူ သရုပ်ဆောင်ထားကြပါတယ်။

Gong Yoo & Jung Yu Mi

Source: Soompi

မကြာသေးခင်ကပဲ လက်ထပ်တော့မယ်ဆိုပြီး ကောလဟာလတွေထွက်ရှိခဲ့တဲ့ Gong Yoo နဲ့ Jung Yu Mi တို့ကတော့ Train To Busan ဇာတ်ကားထဲမှာ သရုပ်ဆောင်ပြီး နောက်ထပ်ဇာတ်ကားတစ်ခုထဲမှာလည်း အတူတကွ သရုပ်ဆောင်ထားပါသေးတယ်။

IU & Kim Soo Hyun

Source: Scoopnest.com

၂၀၁၁ ခုနှစ်ကထွက်ရှိထားခဲ့တဲ့ လူငယ်ဇာတ်ကား Dream High လေးကိုကောင်းကောင်းမှတ်မိကြသေးရဲ့လားရှင့်။ ထိုဇာတ်ကားထဲမှာ သူငယ်ချင်းတွေအနေနဲ့ သရုပ်ဆောင်ထားခဲ့တဲ့ IU နဲ့ Kim Soo Hyun တို့ဟာ ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Producers ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ထို့အပြင် IU ရဲ့ သီချင်းခွေလေးထဲမှာလည်း မင်းသား Kim Soo Hyun က ထပ်မံအားဖြည့်ပေးထားပါသေးတယ်။

Jun Ji Hyun & Kim Soo Hyun

Source: straitstimes.com

ပရိတ်သတ်အများစုကြိုက်နှစ်သက်ခဲ့တဲ့ You Who Came From the Stars ဇာတ်လမ်းမရိုက်ကူးခင်မှာ The Thieves အမည်ရ ရုပ်ရှင်ကားကို ဦးစွာရိုက်ကူးခဲ့တာပါ။

Park Seo Joon & Hwang Jung Eum

Source: koalasplayground.com

မင်းသားချော Ji Sung ဟာ ဇာတ်ကောင်ခြောက်မျိုးကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားတဲ့ Kill Me, Heal Me ဇာတ်လမ်းတွဲမှာ မောင်နှမအနေနဲ့ သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်ကားနောက်မှာ She Was Pretty ဇာတ်ကားထဲမှာလည်း အတူတကွ သရုပ်ဆောင်ခဲ့ကြပါတယ်။

Jung Yong Hwa & Park Shin Hye

Source: Fanpop

၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ You’re Beautiful ဇာတ်ကားမှာတော့ ဖူးစာမဆုံခဲ့ပေမယ့် ၂၀၁၁ ခုနှစ်ထွက် Heartstrings ဇာတ်ကားထဲမှာတော့ တကယ့်ကိုလိုက်ဖက်ညီတဲ့ အတွဲလေးအဖြစ် သရုပ်ဆောင်ခဲ့ကြပါတယ်။

Ji Sung & Hwang Jung Eum

Source: AllKpop

ကိုရီးယားဇာတ်လမ်းတွဲတွေ ကြိုက်ကြတဲ့ ပရိတ်သတ်အားလုံးအသည်းစွဲ Kill Me, Heal Me ဇာတ်ကားမှာ သရုပ်ဆောင်ပြီးခဲ့ပြီးနောက် Secret Love အမည်ရဇာတ်လမ်းတွဲမှာလည်း နောက်ထပ်သရုပ်ဆောင်ခဲ့ပါသေးတယ်။