သင်ပိုက်ဆံစုဖို့ ခက်ခဲနေတဲ့ အကြောင်းအရင်းအများစုကတော့ ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်လို့၊ ကိုယ်မလိမ်မာလို့ပါပဲ။ အခုပြောပြပေးမယ့် ဒီအရာတွေကို လုပ်နေသရွေ့ကတော့ သင်ဘယ်တော့မှ ပိုက်ဆံစုဖြစ်မှာမဟုတ်ပါဘူး။

လိုချင်တာမှန်သမျှလိုက်ဝယ်နေတာ

လိုချင်တာမှန်သမျှကို မစဉ်းစားပဲ လျှောက်ဝယ်တာ၊ ဥပမာ – အဝတ်အစား၊ ဖိနပ် စတာတွေပေါ့။ မလိုအပ်လည်း လှတာမြင်ရင် လိုချင်ပြီး တချိန်လုံး လိုက်ဝယ်နေရင်တော့ ဘယ်တော့မှ ပိုက်ဆံစုလို့ရမှာ မဟုတ်ပါဘူး။

Trends နောက်လိုက်တာ

Trends နောက်လိုက်ပြီး အကုန်လုပ်ချင်တယ်။ သူများသုံးရင်သုံးချင်တယ်၊ ဖုန်းဆိုလည်း အသစ်ထွက်ရင် သူများကိုင်ရင် ကိုင်ချင်တယ်၊ ဒီလို Trends နောက်လိုက်ပြီးသာ အကုန်လိုက်ဝယ်နေရမယ်ဆိုရင် ဘယ်လောက်ရရ သုံးမလောက်သလို၊ စုလို့လည်း ရမှာမဟုတ်ပါဘူး။

အပျော်အပါးအရမ်းမက်တာ

အပျော်အပါးအရမ်းမက်ပြီး သုံးနေဖြုန်းနေရင်တော့ ပိုက်ဆံက ရသလောက်ကုန်ပြီး၊ များများရလေ များများသုံးချင်လေ ဖြစ်လာပါလိမ့်မယ်။ ပိုက်ဆံစုဖြစ်ဖို့ဆိုတာ ဝေးရောပေါ့။

အလုပ်ကိုအလေးမထားတာ

ကိုယ်လုပ်နေတဲ့အလုပ်ကို အလေးမထားပဲ ပြီးပြီးရောလုပ်တာ၊ မထီမဲ့မြင်လုပ်တာမျိုးက ကြာလာရင် အဆင်မပြေဖြစ်လာပြီး အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ်လုပ်နေရတဲ့ အလုပ်ကို အလေးထားပါ။

photo source: www.freepik.com