၂၀၂၀ တစ်နှစ်လုံး ဘယ်မှမသွားဘဲ အိမ်ထဲမှာပဲ အောင်းတာများလို့ ဝိတ်တက်နေကြမှာပါ။ Gym သွားပြီး ဝိတ်မချနိုင်ခဲ့တာလည်း ကြာပြီမလား။ ဒီတော့ Gym သွားစရာမလိုဘဲ Weight ချနိုင်မယ့် နည်းကောင်းလေးတွေ ညွှန်းချင်ပါတယ်။

(၁) အစာမစားခင် ရေသောက်ပါ

woman with a glass of water near the window in white shirt and grey robe

Photo: Freepik

ဝိတ်ချချင်ရင် ရေနဲ့ မိတ်ဆွေဖွဲ့ပါ။ သကြားဓါတ်များတဲ့ ကော်ဖီနဲ့ ဆိုဒါတွေ ရှောင်ပါ။ နေ့တိုင်း ရေများများ သောက်ဖို့ မမေ့ပါနဲ့။ ရေများများသောက်သူဟာ ကိုယ်တွင်း အဆိပ်အတောက်ကင်းပြီး ဝိတ်ကျဖို့လည်း လွယ်ကူစေပါတယ်။ ဝိတ်ချဖို့အတွက် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုက အစာမစားခင် ရေတစ်ဖန်ခွက်ကို ၁၀ မိနစ်လောက် ကြိုသောက်ထားပါ။ ရေက အစာကို အလွန်အကြူးစားချင်စိတ်ကို လျှော့ချပေးနိုင်လို့ ဝိတ်ထိန်းပြီး ဖြစ်စေသလို အစာချေဖျက်ရာမှာလည်း အထောက်အကူပြုလို့ ဖြစ်ပါတယ်။

(၂) မနက်စာအတွက် ကြက်ဥတွေ စားပေးပါ

female hand with fork eating salad of salad with boiled eggs

Photo: Freepik

မနက်စာမှာ ကြက်ဥစားလေ့မရှိရင် စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကြက်ဥမှာ ပရိုတိန်းနဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေ အပြည့်ပါရှိပြီး တစ်နေ့လုံးကို အားပြည့်အင်ပြည့်နဲ့ ဖြတ်သန်းနိုင်အောင် ကူညီနိုင်မှာပါ။ ကြက်ဥပြုတ်နှစ်လုံးလောက် မနက်စာမှာ ပုံမှန်စားပေးခြင်းအားဖြင့် အာဟာရလည်း ပြည့်ပြီး ဝိတ်ချဖို့အတွက်လည်း ထိရောက်မှုရှိစေပါတယ်။ အာဟာရပြည့်တဲ့အပြင် ကယ်လိုရီလည်း နည်းပြီး ဗိုက်အဆာလည်း ခံလို့ ဖြစ်ပါတယ်။

(၃) Black Coffee / Green Tea သောက်ပါ

Leaves near crop hands with beverage

Photo: Freepik

ကော်ဖီဆို ဝိတ်ချသူတွေ ရှောင်လေ့ ရှိပါတယ်။ ဒါပေမယ့် သကြားနဲ့ နို့ပါတဲ့ ကော်ဖီမျိုးပဲ ရှောင်ပါ။ Black Coffee က ဝိတ်ချရာမှာ အထောက်အကူတောင် ဖြစ်စေနိုင်ပါတယ်။ Black Coffee မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမြောက်အများပါပြီး ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းမှုကို ၁၁% ပိုတက်စေနိုင်လို့ ဖြစ်ပါတယ်။

Black Coffee မကြိုက်ရင် Green Tea သောက်ပါ။ Green Tea သောက်ခြင်းကလည်း ကျန်းမာရေးအကျိုးများပြီး ဇီဝကမ္မဖြစ်စဉ်ကို ပိုမြှင့်တင်ပေးနိုင်ပါတယ်။ ဝိတ်ချရာမှာလည်း Green Tea က ထိရောက်တဲ့ သောက်စရာတစ်ခုပါပဲ။

(၄)အစာရှောင်တဲ့အကျင့်လုပ်ပါ

Photo: Freepik

ညစာမစားဘဲနေတာက လူကို ပိုပြီး သွက်လက်ပေါ့ပါးစေပါတယ်။ အစာရှောင်တဲ့အကျင့်ကို ဘာသာရေးနဲ့ တွဲမြင်ကြပေမယ့် ကျန်းမာရေးဘက်က ကြည့်ရင်လည်း တကယ်အကျိုးကျေးဇူးကြီးတဲ့ အလေ့အကျင့်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ရက်ကို ထမင်းနှစ်နပ်ပဲ စားကြည့်ပါ။ နေ့လည်စာ စားပြီးရင် တစ်ရက်လုံးအတွက် အစားကိစ္စပြီးစီးတဲ့ အကျင့် လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

စားတဲ့ပန်းကန်ပါ သေးရင် အကောင်းဆုံးပါပဲ။လိုတာထက် ပိုစားလို့လည်း ကျန်းမာရေးအတွက် အကျိုးမရှိတဲ့အပြင် အစာအိမ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် အစားလျှော့စားပါ။ Low-Crab Diet စားပါ။ ပရိုတိန်းနဲ့ အစိမ်းရင့်ရောင် အသီးအရွက်တွေ ပိုစားပါ။ ဒီလောက်ဆိုရင် အားကစားမလုပ်ဖြစ်တောင် ဝိတ်မတက်အောင် / ဝိတ်ချဖို့ပါ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။