မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်နားကပ်လာတာတဲ့ မွှေးနေတဲ့ကိုယ်နံ့လေးတစ်ခုခု အမြဲရနေစေဖို့၊ ကိုယ်ဘေးကဖြတ်သွားတာနဲ့ မွှေးနေတဲ့အနံ့အသက်လေးတွေ ကျန်ခဲ့စေဖို့ဆိုရင် ကိုယ်တိုင်ကလည်း ပုံမှန်လုပ်ပေးဖို့ လိုတဲ့အရာတွေ ရှိပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးခြင်းက အပူအပုပ်ကင်းပါတယ်။ ရေသောက်နည်းရင် ဝမ်းချုပ်တာမျိုး၊ အပူတွေများတာမျိုး ဖြစ်လာပြီး ခံတွင်းအနံ့နံလာပါလိမ့်မယ်။ စကားပြောတဲ့အခါမှာ ခံတွင်းနံ့နံနေရင် အဆင်မပြေပါဘူး။

အဝတ်အစားကိုသန့်သန့်ရှင်းရှင်းထားပါ

ကိုယ့်အဝတ်အစားဘီဒိုကို အမြဲသန့်ရှင်းအောင်၊ အနံ့အသက်ကောင်းအောင် ထားပါ။ အဝတ်ဘီဒိုက အနံ့အသက်မကောင်းရင် အဝတ်အစားတွေမှာပါ စွဲနေပါလိမ့်မယ်။ အပေတွေကို ပြန်မဝတ်ပါနဲ့။ အပေတွေပြန်ဝတ်ရင် ခန္ဓာကိုယ်မှာ အနံ့ပြန်စွဲပါတယ်။ အတွင်းခံကိုလည်း ပြန်မဝတ်ပါနဲ့။ အနံ့အသက်မကောင်း ဖြစ်တတ်ပါတယ်။

ဘီးမှာရေမွှေးဖြန်းပြီးဖြီးပါ

မိန်းကလေးတွေဆိုရင် ကိုယ်ဖြီးမယ့်ဘီးမှာ ရေမွှေးဖြန်းပြီး ခေါင်းဖြီးပေးပါ။ ဆံပင်မှာအနံ့လေးစွဲပြီး အရမ်းမွှေးပါတယ်။ ကိုယ့်ဘေးရောက်လာတိုင်း ဆံပင်နားက အနံ့လေးရနေစေပါတယ်။ ဖြတ်သွားတိုင်းမှာလည်း ဆံပင်လွှင့်တိုင်း အနံ့လေးမွှေးနေစေပါတယ်။

ကိုယ့်အကြိုက်ဆုံးရေမွှေးနံ့တစ်ခုကိုအမြဲဆွတ်ပါ

ကိုယ့်အကြိုက်ဆုံး ရေမွှေးနံ့တစ်ခုခုကို အမြဲဆွတ်ပေးပါ။ ရေမွှေးနံ့တစ်ခုကို အကြာကြီးစွဲပြီးဆွတ်ရင် အဲ့အနံ့လေးက ကိုယ့်ဆီကရတဲ့ ကိုယ်သင်းနံ့လေးလိုတောင် ဖြစ်နေစေပါတယ်။

Deodorant သုံးပါ

ဂျိုင်းချွေးနံ့အရမ်းထွက်ရင် deodorant သုံးပေးဖို့လိုပါတယ်။ ဂျိုင်းချွေးနံ့နံရင် ရေမွှေးဘယ်လောက်ဆွတ်ဆွတ် deodorant မသုံးရင် အဆင်မပြေပါဘူး။

Shoes Spray သုံးပါ

Shoes တွေစီးတဲ့နေ့ဆို shoes spray သုံးပေးပါ။ Shoes တွေက စီးတာကြာလာရင် ခြေဆီနဲ့ နံတတ်ပါတယ်။ ခြေအိတ်ကလည်း နံပါတယ်။ ဒါကြောင့် shoe spray လေးဆောင်ထားပါ။

အစားအသောက်ဂရုစိုက်ပါ

ခံတွင်းအနံ့အသက်ဆိုးစေမယ့် အစားအသောက်တွေကို ရှောင်ပေးပါ။ ဥပမာ ကြက်သွန်ဖြူ၊ ဒညင်းသီး စတာတွေက အနံ့အရမ်းစွဲတာကြောင့် သတိထားရှောင်ပေးပါ။