Diet လည်းမလုပ်ချင်ဘူး Workout လုပ်ရမှာလည်း ပျင်းတယ်ဆိုတဲ့သူတွေအတွက် အဲ့ဒီနှစ်မျိုးလုံး လုပ်စရာမလိုပဲ ဝိတ်ချလို့ရမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အချိုမုန့်တွေအစားအသီးအနှံစားပါ

အစားအသောက်မလျှော့ချင်ဘူး Diet မလုပ်ချင်ဘူးဆိုရင်တော့ အချိုမုန့်နေရာမှာ အသီးအနှံတွေကို အစားထိုးပြီး စားပေးပါ။ ဗိုက်ဆာရင် အဆီအစိမ့်တွေ၊ အချိုမုန့်တွေ သွားစားမယ့်အစား အသီးအနှံတွေစားတာမျိုး၊ အချိုရည်တွေသောက်မယ့်အစား အသီးကိုဖျော်သောက်တာမျိုးတွေ လုပ်ပေးပါ။ ဝိတ်ကျဖို့ ပိုအကျိုးရှိစေပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝရင်၊ အိပ်ချိန်နည်းရင် ပိုပြီးတောင် ဝိတ်တက်လာအုံးမှာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် ၈ နာရီအိပ်သင့်ပါတယ်။

ဆိုဒ်သေးတာကိုဝယ်ပါ

အဝတ်အစားဝယ်ရင် ပွတာတွေမဝယ်ပဲ ကိုယ့်ဆိုဒ်ထက် နည်းနည်းလေး ပိုသေးတာမျိုး Fit ဖြစ်တာမျိုးကို ဝယ်ပါ။ ဒါဆိုရင် ဝလာရင်မတော်တော့ဘူးဆိုတဲ့စိတ်နဲ့ ဝိတ်ထိန်းနိုင်မယ်၊ ဝနေတဲ့သူဆိုရင် ဒီအဝတ်တွေတော်အောင် ဝိတ်လျှော့မယ်ဆိုတဲ့ Moti ရစေပါတယ်။

တစ်ယောက်ယောက်နဲ့တူတူဝိတ်ချပါ

ဝိတ်ချတဲ့အခါမှာ တစ်ယောက်ထဲဆိုရင် သူများစားတော့ စားချင်တာနဲ့ စိတ်မခိုင်တဲ့သူဆို သိပ်အဆင်မပြေပါဘူး။ တစ်ယောက်ယောက်နဲ့ တူတူဝိတ်ချမယ်ဆိုရင်တော့ ပိုပြီးတော့ အားရှိစေတယ်၊ ပိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝိတ်ချနိုင်ပါမယ်။

ရေခဲကပ်ပေးပါ

Cold Temperature က အဆီကို လောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကိုယ်မလိုချင်တဲ့အဆီတွေ ရှိတဲ့နေရာကို မိနစ် ၃၀ လောက် ရေခဲကပ်ပေးနိုင်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်ပဲ လုပ်ပေးရမှာ ဖြစ်ပါတယ်။