နှုတ်ခမ်းအပေါ်ဘက်နေရာက နှုတ်ခမ်းမွှေးလေးတွေ ပေါက်တဲ့နေရာမှာ မဲနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဲနေတာမျိုးကို မကြိုက်တဲ့သူတွေအတွက် မဲနေတာသက်သာပြီး Bright ဖြစ်လာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Mask ပြုလုပ်ပါ

ပဲမှုန့်၊ နနွင်းမှုန့်၊ သံပယိုရည်၊ ပျားရည်တို့ကို အနေတော်လောက်ထည့်ကာ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ပြီးရင် နှုတ်ခမ်းအပေါ်နေရာလေးမှာ လိမ်းပြီးတော့ ၁၅ မိနစ်ထားပါ။ အချိန်ပြည့်လို့ ခြောက်သွားပြီဆိုရင် ရေကြက်သီးနွေးနဲ့ သန့်စင်ပေးပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် မဲနေတာတွေသက်သာပြီး Bright ဖြစ်လာမှာပါ။

Exfoliate လုပ်ပါ

နောက်ထပ်နည်းလမ်းကတော့ exfoliate လုပ်ပေးတာပါပဲ။ အုန်းဆီ – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား – စားပွဲတင်ဇွန်းတစ်ဝက်တို့ကို ရောမွှေပြီး နှုတ်ခမ်းအပေါ်ဘက်နေရာကို ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ စက်ဝိုင်းပုံစံပွတ်ပေးရပါမယ်။ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပြီး moisturizer လိမ်းလိုက်ရုံပါပဲ။

Sunscreen လိမ်းပါ

Sunscreen လိမ်းတဲ့အခါ အဲ့နေရာကိုလည်း များများလိမ်းပေးပါ။ ၄ နာရီခြားတစ်ခါ reapply လုပ်ပေးပါ။ အသားအရောင်ညီလာပါလိမ့်မယ်။ ဒီထက်ပိုပြီး မမဲအောင်လည်း ကြိုတင်ကာကွယ်ပြီးသား ဖြစ်ပါတယ်။

အိမ်တွင်းဖြစ်နည်းလမ်း

အိမ်မှာ တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန် အိမ်တွင်းဖြစ်နည်းလမ်းတွေ လုပ်ပြီးတော့လည်း နှုတ်ခမ်းအပေါ်ဘက်နေရာက အသားအရောင်ညီလာအောင်၊ မဲနေတာတွေ သက်သာလာအောင် လုပ်လို့ရပါတယ်။ အလွယ်ကူဆုံးနည်းလမ်းကတော့ ပျားရည်နဲ့ သံပုရာရည်ကို သုံးပြီး လုပ်ပေးတာပါပဲ။

ပျားရည်နဲ့သံပုရာရည်ကိုရောပြီးတော့ အပေါ်နှုတ်ခမ်းနေရာမှာ ပွတ်လမ်းပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ထားပြီးရင် ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ရုံပါပဲ။