ဆံပင်ဆေးဆိုးတဲ့အခါ အထူးသဖြင့် အိမ်မှာပဲဆိုးတဲ့အခါ အရေပြားမှာ ဆံပင်ဆိုးဆေးတွေ ပေသွားတာမျိုး ဖြစ်တတ်ပါတယ်။ ချက်ချင်းသုတ်လိုက်ရင်တောင်မှ ဆေးက အရေပြားမှာ ကျန်နေတတ်ပါတယ်။ ဒါကြောင့် အရေပြားမှာ ဆံပင်ဆိုးဆေးတွေပေသွားတဲ့အခါ အလွယ်တကူဖျက်လို့ရမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Oil

Baby Oil, Olive Oil, Coconut Oil စတဲ့ တစ်ခုခုကို ပေတဲ့နေရာမှာ Circular Motion ပွတ်ပေးရင် အရေပြားမှာပေနေတဲ့ ဆံပင်ဆိုးဆေးတွေ ပျက်သွားပါလိမ့်မယ်။ မျက်နှာမှာပေနေရင်လည်း ဖျက်ဖို့အတွက် အဆင်ပြေပါတယ်။

Petroleum Jelly

Vaseline လိုမျိုး Petroleum Jelly ကိုယူပြီးတော့ ပေတဲ့နေရာကို Circular Motion ပွတ်ပေးပြီး အဝတ်နဲ့ပွတ်ချလိုက်ပါ။ ဒါဆိုရင် အရေပြားမှာပေနေတဲ့ ဆံပင်ဆိုးဆေးတွေ ပျက်သွားစေပါတယ်။ မျက်နှာမှာပေနေရင်လည်း ဒီနည်းလမ်းကို သုံးလို့ရပါတယ်။

Baking Soda

Baking Soda ကို ဆပ်ပြာနဲ့ရောပြီး ပေနေတဲ့နေရာကို သုတ်ပြီး ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ပြန်သန့်စင်လိုက်ပါ။ ဒီနည်းလမ်းနဲ့လည်း အရေပြားမှာပေနေတဲ့ ဆံပင်ဆိုးဆေးတွေကို ဖျက်ပစ်နိုင်ပါတယ်။ မျက်နှာမှာပေနေရင်တော့ ဒီနည်းလမ်းကို မသုံးတာပိုကောင်းပါတယ်။

လက်သည်းဖျက်ဆေး

လက်သည်းဖျက်ဆေးနဲ့ ပေနေတဲ့နေရာကို ပွတ်ပြီးဖျက်ပေးရင်လည်း ပျက်ပါတယ်။ ဒါပေမယ့် မျက်နှာမှာပေနေရင်တော့ ဒီနည်းလမ်းကိုသုံးလို့ အဆင်မပြေပါဘူး။ မျက်နှာအသားအရေ ပျက်စီးစေပါတယ်။