ညသန်းခေါင်း တစ်ရေးနိုးလာရင် တချို့က ချက်ချင်းပြန်အိပ်လို့ရပေမယ့် တချို့ကျတော့ ပြန်အိပ်ပျော်ဖို့ ခက်ပါတယ်။ မနက်မိုးလင်းတဲ့အထိ အိပ်မပျော်တော့တာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ညသန်းခေါင် တစ်ရေးနိုးလာတဲ့အခါမှာ အမြန်ဆုံး ပြန်အိပ်ပျော်စေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

မီးမထွန်းပါနဲ့၊ ဆူညံတာတွေမလုပ်ပါနဲ့

တစ်ရေးနိုးလာရင် မီးထဖွင့်တာမျိုးတွေ၊ ဆူညံတဲ့အသံတွေ ဖွင့်တာမျိုးတွေ မလုပ်ပါနဲ့။ မျက်စိကြောင်ပြီး တော်ရုံနဲ့ ပြန်အိပ်မပျော်တော့ပါဘူး။

နာရီကိုမကြည့်ပါနဲ့

တစ်ရေးနိုးလာပြီး ပြန်အိပ်မပျော်လို့ နာရီကိုပဲ ခဏခဏကြည့်ပြီး ဘယ်အချိန်တောင်ရှိနေပြီလဲလို့ တွေးပူနေရင် ပိုအိပ်မပျော်ဖြစ်ပါတယ်။ ဒါကြောင့် နာရီကို မကြည့်ပါနဲ့။ နာရီသံကိုနားထောင်ပြီး မျက်စိမှိတ် ပြန်အိပ်ပါ။

ဖုန်းကြည့်တာ၊ တီဗီကြည့်တာ မလုပ်ပါနဲ့

တော်တော်များများက တစ်ရေးနိုးလာပြီဆိုရင် ဖုန်းကြည့်တာမျိုး လုပ်တတ်ကြပါတယ်။ ဖုန်းကြည့်တာ၊ တီဗီကြည့်တာတွေလုပ်လိုက်ရင် မျက်စိကြောင်ပြီး ပြန်အိပ်ပျော်ဖို့ ခက်သွားပါလိမ့်မယ်။

တရားထိုင်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

တရားထိုင်တာပဲဖြစ်ဖြစ်၊ ပက်လက်လှဲပြီး မျက်စိမှိတ်ကာ အသက်ရှူသွင်း၊ ရှူထုတ်ပုံမှန်လုပ်တာမျိုးပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ အမြန်ပြန်အိပ်ပျော်သွားပါလိမ့်မယ်။

ပျင်းစရာကောင်းတဲ့အရာတစ်ခုခုလုပ်ပါ

ပျင်းစရာကောင်းတဲ့အရာတစ်ခုခုကို လုပ်လိုက်ရင် အိပ်ချင်လာမှာပါ။ စာအုပ်ဖတ်ရတာ ပျင်းတဲ့သူဆိုရင် စာအုပ်ဖတ်ကြည့်ပါ။ မျက်စိညောင်းပြီး ပျင်းပြီး အိပ်ပျော်သွားပါလိမ့်မယ်။

Relax ဖြစ်စေမယ့် သီချင်းနားထောင်ပါ

Relax ဖြစ်စေမယ့် သီချင်းအေးလေးတွေကို နားထောင်ရင်းနဲ့ အိပ်မယ်ဆိုရင်လည်း မြန်မြန်အိပ်ပျော်စေပါတယ်။

Sleep Apps တွေ Try ကြည့်ပါ

Sleep Apps လေးတွေလည်း ရှိတာကြောင့် ညသန်းခေါင်း ခဏခဏတစ်ရေးနိုးတတ်ရင် Try ကြည့်သင့်ပါတယ်။ အရမ်းအသုံးဝင်ပါလိမ့်မယ်။