Period အချိန်တွေဆိုရင် ပုံမှန်ထက်ပိုပြီး စိတ်ဖိစီးရတယ်၊ စိတ်တိုဒေါသထွက်လွယ်ပြီး စိတ်ဆက်တယ်၊ ဝမ်းနည်းအားငယ်စိတ်လည်း လွယ်လွယ်ဝင်တတ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအတွက် Period Time မှာ စိတ်ဖိစီးမှုတွေလျော့ကျစေဖို့ ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Healthy ဖြစ်တာတွေစားပါ

အစားအသောက်ကို Healthy ဖြစ်အောင်စားပါ။ Period Time မှာ အထူးသဖြင့် အစိမ်းရောင်အသီးအရွက်တွေ၊ ပရိုတင်းဓာတ် ကြွယ်ဝတာတွေ၊ ထောပတ်သီး စတာတွေကို စားပေးတာက အရမ်းကောင်းပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

Period Time မှာ အိပ်ရေးဝဖို့က အရမ်းကိုအရေးကြီးပါတယ်။ အိပ်ရေးမဝရင် ခေါင်းမူးတာဖြစ်ပြီး စိတ်မကြည်တာက ပိုဆိုးစေပါတယ်။ အရာရာကို စိတ်တိုဒေါသထွက်ပြီး Stress ပိုပိစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေ၊ Period Time မှာ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက Stress တွေလျော့ကျစေပြီး Period Time မှာ နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာစေပါတယ်။

Relax ဖြစ်အောင်နေပါ

အိပ်ယာထဲခွေခေါက်ပြီးနေရင် ပိုပြီးထိုင်မှိုင်းပါတယ်။ Relax ဖြစ်အောင်၊ သန့်ရှင်းအောင်နေပြီး ရယ်မောစရာတွေ ကြည့်ပေးပါ။ ဝမ်းနည်းစရာတွေ မကြည့်ပါနဲ့။ အေးဆေးအနားယူပါ

သူငယ်ချင်းတွေနဲ့စကားပြောပါ

သူငယ်ချင်းတွေနဲ့ စကားပြောပြီး ရယ်မောနေရရင် Stress တွေလျော့ကျသွားပြီး Period Time မှာ ဖြစ်လေ့ရှိတဲ့ စိတ်မကြည်တာ၊ စိတ်ညစ်နွမ်းတာတွေလည်း ပျောက်စေပါတယ်။

ကော်ဖီနဲ့အရက်ရှောင်ပါ

Period Time မှာ ကော်ဖီသောက်တာ၊ အရက်သောက်တာကို ရှောင်ပေးတာက အကောင်းဆုံးပါပဲ။ အဲ့ဒီအစား Herbal Tea သောက်ပေးတာက Period Time မှာ နာကျင်ကိုက်ခဲတာတွေအတွက်လည်း ကောင်းသလို စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။