အဆီပိုမရှိတဲ့ သွယ်လျပြီးလှပတဲ့ခန္ဓာကိုယ်မျိုးကို မိန်းကလေးတိုင်း လိုချင်ကြတာချည်းပါပဲ့နော်။ ကယ်လိုရီတွေများပြီး ဝနေရင်လည်း သင့်ကျန်းမာရေးကို ထိခိုက်လာစေနိုင်တဲ့အတွက် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို အချိန်ပေးဆော့စရာမလိုပဲ့ နေ့စဉ်လုပ်ဆောင်တဲ့အလေ့အကျင့်တချို့ကလည်း ကယ်လိုရီလောင်ကျွမ်းဖို့အတွက် များစွာအထောက်အကူပြုနေပါတယ်နော်။

ဒီတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကယ်လိုရီတွေကို အမြန်ဆုံးလောင်ကျွမ်းသွားစေဖို့ နေ့စဉ်ဘဝမှာ လုပ်ဆောင်ပေးသင့်တဲ့အရာလေးတချို့ကို ဝေမျှပေးလိုက်ပါတယ်နော်။

သန့်ရှင်းရေးလုပ်ပါ။

တော်တော်များများက အိမ်သန့်ရှင်းရေးလုပ်ရမှာကို ပျင်းနေတတ်ကြပါတယ်။ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေ၊ အားစိုက်ထုတ်ရမှုတွေကြောင့် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကယ်လိုရီတွေကို ကောင်းကောင်းလောင်ကျွမ်းစေတာကြောင့် ခန္ဓာကိုယ်မှာ အဆီပိုတွေလည်း မရှိနိုင်တော့ဘူးပေါ့။

အချိန်ပေးပြီး လမ်းလျှောက်ပါ။

မနက်ခင်း စောစောထပြီး လမ်းလျှောက်ပေးမယ်ဆိုရင် ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး ကိုယ်တွင်းမှာရှိနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ အထောက်အကူလည်း ပြုသေးတယ်နော်။ မနက်ပိုင်းမှာ ထပြီးတော့ လမ်းလျှောက်ဖို့ကို အချိန်မပေးနိုင်ဘူးဆိုရင်တောင် အလုပ်သွားတဲ့အချိန်၊ အလုပ်ပြန်တဲ့အချိန်တွေမှာ လမ်းကို မဖြစ်မနေလျှောက်ပေးသင့်ပါတယ်။

လှေကားတွေကို ပြေးပြီးတော့တက်ပါ။

တော်တော်များများက လှေကားတွေကို အသုံးမပြုတော့ပဲ ဓာတ်လှေကားတွေ၊ စက်လှေကားတွေကိုပဲ အားပြုလာတာကို တွေ့ရပါတယ်။ သက်တောင့်သက်သာရှိစေတယ်ဆိုပေမယ့်လည်း ကျန်းမာရေးအတွက်ဆိုရင်တော့ ရိုးရိုးလှေကားတွေကိုပဲ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။ ရိုးရိုးလှေကားတွေကို အသုံးပြုတာက နည်းနည်းတော့ ပင်ပန်းတယ်ဆိုပေမယ့်လည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်နော်။

တစ်နာရီ တစ်ခေါက်လမ်းထလျှောက်ပါ။

ရုံးအလုပ်တော်တော်များများက ထိုင်ပြီးတော့လုပ်နေရတာများတဲ့အတွက်ကြောင့် ကယ်လိုရီတွေကိုလောင်ကျွမ်းဖို့ဆိုတာ အခွင့်အလမ်းတော်တော်ကို နည်းပါတယ်။ ဒါကြောင့် တစ်နာရီလောက်ထိုင်ပြီးသွားရင် ၂ မိနစ်လောက် လမ်းထလျှောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ကယ်လိုရီတွေ လောင်ကျွမ်းသွားစေမှာပဲ့ ဖြစ်ပါတယ်။

ပိတ်ရက်တွေမှာ Bowling ပစ်ပါ။

ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ဆုံပြီး Bowling ပစ်တဲ့ကစားနည်းကို ဆော့ကြည့်ပါ။ တကယ်ပျော်စရာကောင်းပြီး လှုပ်ရှားရတဲ့ ကစားနည်းဖြစ်တာကြောင့် ကယ်လိုရီတွေကိုကောင်းကောင်း လောင်ကျွမ်းစေပါတယ်။

Shopping ထွက်ပါ။

တကယ်လို့ အားလပ်ရက်တွေမှာ ဘာမှလုပ်စရာမရှိပဲ ပျင်းနေတယ်ဆိုရင် သူငယ်ချင်းနဲ့အတူတူ Shopping ထွက်ပါ။ မဝယ်နိုင်သေးဘူးဆိုရင်တောင် လိုချင်တာလေးတွေ၊ အသစ်အဆန်းလေးတွေကို လိုက်ပတ်ပြီးတော့ ကြည့်ကြည့်လိုက်ပါ။ Shopping Mall တစ်ခုလုံးကို လှည့်ပတ်ပြီးတော့ သွားနေရတဲ့အတွက် ကယ်လိုရီလောင်ကျွမ်းမှာကတော့ ပူစရာမလိုတော့ဘူးပေါ့။