တချို့ရှိပါတယ်။ သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေပါစေ အမြဲတမ်း ပျော်နေတဲ့ပုံပေါ်နေတာပါ။ တကယ်တော့ အမြဲတမ်းပျော်ရွှင်နေဖို့အတွက် လေ့ကျင့်ယူလို့ရပါတယ်။ ဒါတွေကတော့ အမြဲတမ်းပျော်ရွှင်နေတဲ့ သူတွေဆီက ပြောပြထားတဲ့ အကြံပြုချက်တွေပါ။
Social Relationships ကို မြှင့်တင်ပါ
Social Relationships က လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ပျော်ရွှင်မှုအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ မိသားစု၊ သူငယ်ချင်း ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကလည်း လူတွေကို အမြဲပျော်ရွှင်စေဖို့အတွက် အရေးကြီးဆုံးအချက်တစ်ချက်ပါ။
သင့်ခန္ဓာကိုယ်သင်ချစ်ပါ
သင့်ခန္ဓာကိုယ်ကို ပျော်ရွှင်အောင်လုပ်ပေးတာက သင့်စိတ်ကိုလည်း ပျော်ရွှင်စေမှာပါ။ အစားကောင်းကောင်းစားပါ။ ကောင်းကောင်းအနားယူပါ။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် တစ်နေ့ တစ်ကြိမ် လမ်းလျှောက်ပါ။ ရက်သတ္တပတ်နည်းနည်းကြာပြီးရင် ကွာခြားမှုကို သင်ခံစားမိမှာပါ။
အတွေးလွန်နေတာကို ရပ်လိုက်ပါ
သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို လွှတ်ချဖို့ အချိန်ယူပါ။ သေချာတဲ့ဆုံးဖြတ်ချက်တစ်ခုချပြီး ရှေ့ဆက်လိုက်ပါ။ ရလဒ်အနေနဲ့ သင်ပိုပျော်လာပါလိမ့်မယ်။
မှတ်တမ်းတင်ပါ
နေ့တိုင်း တစ်ခုခုကို အောင်မြင်အောင် လုပ်ပါ။ အောင်မြင်မှုတိုင်းကို ချရေးပါ။ ဒါက သင့်ရဲ့အောင်မြင်မှု တိုးတက်မှုကို မြင်နိုင်ဖို့ ကူညီပါလိမ့်မယ်။
ပြုံးပါ
တခုခုကြုံရလို့ မကြိုက်ဘူးဆိုရင်တောင် ပြုံးလိုက်ပါ။ ပြုံးတာက ဦးနှောက်ကို Serotonin ထုတ်လွှတ်စေပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးပါတယ်။ ပြုံးတာက သင့်ကို ပိုပြီးပျော်ရွှင်စေနိုင်တာ အသေချာပါ ။
Plan ချမှတ်ပါ
ပျော်ရွှင်စရာတွေကိုဖန်တီးဖို့ အစီအစဥ်ဆွဲတာ ဥပမာ – သူငယ်ချင်းတွေနဲ့ခရီးသွားတာ မျိုးက သင့်ကို တွေးရင်းနဲ့ကို အတွေးနဲ့တင် ပျော်နေစေမှာပါ။
Furry Friend ကိုရှာပါ
အိမ်မွေးတိရစ္ဆာန်လေးတွေက စိတ်ဓာတ်ကျတာကို သက်သာစေနိုင်တာ သင်သိရဲ့လား ? သစ္စာရှိတဲ့ အိမ်မွေးခလေးတွေနဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်အောင်လုပ်တာက စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေပြီး သင့်ကိုပျော်ရွှင်စေပါတယ်။
ခွင့်လွှတ်ပါ
တခါတရံမှာ ရည်ရွယ်ချက်မရှိပေမယ့် မကောင်းတာတွေက ဖြစ်တတ်ပါတယ်။ ခွင့်လွှတ်တတ်ဖို့ သင်ယူပြီး ရှေ့ဆက်လိုက်ပါ။ တစ်စုံတစ်ယောက်ကို ခွင့်လွှတ်လိုက်မိတဲ့ အတွက် နောင်တရနေသူတစ်ယောက်အကြောင်းတော့ မကြားမိသေးပါဘူး။