တင်းရင်းတဲ့ရင်သားအလှကို မလိုချင်တဲ့မိန်းကလေး မရှိပါဘူး ။ နာမည်ကျော် Jennifer Lopez လို့ပြောလိုက်ရင် အကုန်လုံးက သူရဲ့ကောင်းလွန်းတဲ့အသံတင်မက သူမရဲ့ တင်းရင်းလှပတဲ့ ရင်နဲ့တင်ကိုပါ သတိထားမိကြမှာပါ။ Jennifer Lopez လို တင်းရင်းလှပတဲ့ ရင်သားကိုလိုချင်တဲ့ပျိုမေတွေအတွက် ရင်သားလှလှလေးတွေကို ရရှိဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးချင်ပါတယ်။

ကိုယ်ဟန်အနေအထား

ရင်သားကြီးစေဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုက ကိုယ်ဟန်အနေအထားပါ။ ပခုံးကိုမက်မက်ထားတဲ့ ကိုယ်ဟန်အနေအထားက သင့်ကို ဆွဲဆောင်မှုရှိတဲ့ပုံစံ ဖြစ်စေပါတယ်။

အိပ်တဲ့ပုံစံ

ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အိပ်တဲ့ပုံစံကလည်း ရင်သားပုံစံကို အများကြီးသက်ရောက်မှုရှိပါတယ်။ မှောက်အိပ်တာက ကြာလာရင် ရင်သားကို ပြားစေတာမလို့ ရင်သားပုံစံနဲ့ တင်းရင်းမှုကို ထိန်းသိမ်းဖို့ မှောက်မအိပ်ပနဲ့။

Padded Bras

သင့်ရင်သားနှစ်ခုက နည်းနည်းဝေးနေရင် ပိုပြည့်ပြီး ဆွဲဆောင်မှုဖြစ်စေဖို့ Padded Bras ကို ရွေးချယ်သင့်ပါတယ်။ သက်တောင့်သက်သာရှိဖို့နဲ့ သင်နဲ့လိုက်ဖက်တဲ့ စတိုင်လ်ကို ရွေးချယ်ပြီး ဝတ်ပါ။

လေ့ကျင့်ခန်း

ရင်င်သားကို လှစေဖို့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ မှန်ရှေ့မှာရပ်ပြီး ပခုံးတွေကို နောက်ပြန်ဆွဲတာမျိုးလုပ်ပေးပါ။

Makeup

မိတ်ကပ်လိမ်းတာက မျက်နှာအတွက်တင် မဟုတ်ပါဘူး။ ထင်ယောင်ထင်မှားဖြစ်ဖို့နဲ့ အာရုံစိုက်ခံရဖို့ ရင်သားပေါ်ဘက်နေရာမှာ Bronzer or Contour Powder သုံးပေးပါ။

Bra Size

ကိုယ့်ရင်သားနဲ့လိုက်ဖက်တဲ့ Bras ကို မှန်မှန်ကန်ကန်ရွေးတာက ရင်သားကို မြှင့်တင်ပေးပြီး ဖက်ရှင်ကျစေသလို ဆွဲဆောင်မှုဖြစ်စေပါတယ်။ ဒါကြောင့် သင့် Bra Size ကို မှန်မှန်ကန်ကန်သိရအောင် သေချာတိုင်းပါ။