လူထုကို တက်ကြွထက်သန်အောင် ပြောဟောနိုင်တဲ့ Speaker တွေအကြောင်း ပြောချင်ပါတယ်။ ကမ္ဘာပေါ်မှာ လူရှေ့ထွက်ပြီး စိတ်အားတက်ကြွအောင် ပြောဟောနေကြတဲ့ Speaker တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာကျော်ကြား လူသိများတဲ့ Motivational Speakers တွေက သိပ်များများစားစား မရှိပါဘူး။ အခုဆောင်းပါးမှာ ထိပ်တန်း Speaker ၅ ဦးနဲ့ သူတို့ပြောခဲ့ဖူးတဲ့ ထင်ရှားတဲ့ စကားတွေအကြောင်း ဖြစ်ပါတယ်။

(၁) အဲရစ်သောမတ်

Photo: ESPN

အထက်တန်းကျောင်းထွက် အိမ်ခြေရာမဲ့တစ်ယောက်ဘဝကနေ အအောင်မြင်ဆုံးစိတ်အားဖြည့် ဟောပြောရေးသမားတစ်ဦး ဖြစ်လာခဲ့သူပါ။မအေက ဆယ်ကျော် သက် Single Mom ။ ချီကာဂိုမှာ မွေးပြီး ဒက်ထရွိုက်မှာ ကြီးပါတယ်။ အိမ်ခြေရာမဲဘဝ လမ်းပေါ် လွင့်နေချိန်မှာ သူ့ဘဝကို ပြောင်းလဲအောင် စိတ်အင်အားပေးခဲ့တဲ့ တရားဟောဆရာနဲ့ တွေ့ပါတယ်။ အခက်အခဲတွေ အမျိုးမျိုးကြားကနေ ကျောင်းပြန်တက်ပြီး မီချီဂန်ပြည်နယ်တက္ကသိုလ်ကနေ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ပါရဂူဘွဲ့ရခဲ့ပါတယ်။

နောက်ပိုင်း ပညာရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သလို အမှုဆောင်တွေကို Coach လုပ်ပြီး လေ့ကျင့်ပေးတဲ့ အလုပ်လည်း လုပ်ပါတယ်။ The Secret to Success အပါအဝင် စာအုပ် ၄ အုပ် ထုတ်ထားပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံးစကားစုထဲက တစ်ခုကတော့ “အသက်ရှုချင်တဲ့စိတ်လောက်သာ အောင်မြင်ချင်တဲ့စိတ် ရှိပါစေ အောင်မြင်လိမ့်မယ်” ဆိုတာပါပဲ။

(၂) လက်စ်ဘရောင်း

Photo: addicted2success

မိုင်ယာမီက စွန့်ပစ်တိုက်ခန်းဟောင်းတစ်ခုထဲမှာ လက်စ်ဘရောင်းနဲ့ သူ့အမွှာအကို ဝက်စ်လေတို့ မွေးခဲ့ပါတယ်။ နောက်ပိုင်းမှာ မာမီးဘရောင်းဆိုသူ အသက် ၃၈ နှစ်အရွယ် စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးက သူ့ကို မွေးစားခဲ့ပါတယ်။ ကလေးဘဝက ကျောင်းတက်နေချိန်မှာ စာသင်မရအောင် အိုင်ကျူနိမ့်တယ်လို့ သတ်မှတ်ခံခဲ့ရလို့ စိတ်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီလိုလူတစ်ယောက်ဟာ အိုဟိုင်းယိုးပြည်နယ်အမတ်အဖြစ် အရွေးခံခဲ့ရပြီး နောက်ပိုင်းမှာ တယ်လီဗေးရှင်းအစီအစဉ်တွေထဲ ပါလာခဲ့ပါတယ်။

နောက်ပိုင်းကတော့ အောင်မြင်သူတစ်ယောက်အဖြစ် တောက်လျှောက်ရပ်တည်ခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ပြင်းပြတဲ့ ယုံကြည်မှုရှိခြင်းရဲ့ အရေးပါမှုကို ဦးတည်ပါတယ်။ “ခင်ဗျားပေါ် တခြားသူတစ်ယောက်ရဲ့ အမြင်ကြောင့်က ခင်ဗျားရဲ့ အစစ်အမှန်ပုံစံ ဖြစ်လာခွင့်မပေးလိုက်ပါနဲ့” ဆိုတာ သူ့ရဲ့ ကျော်ကြားတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။

(၃) တိုနီ ရော့ဘင်စ်

Photo: The National

အရပ် ၆ ပေ ၇လက်မရှိတဲ့ လူထွားကြီး တိုနီရော့ဘင်စ်ဟာ အသံဩဇာကောင်းကောင်းနဲ့ သရုပ်ပါတဲ့ တင်ဆက်မှုတွေနဲ့ နာမည်ကြီးပါတယ်။ ရောဘင်စ်ဟာ အောင် မြင်မှု စိတ်ပညာကို တကယ်နားလည်တယ်လို့ နာမည်ကြီးပါတယ်။ သူဟာ နည်းပြနဲ့ စိတ်ခွန်အားဖြည့် ဟောပြောသူအဖြစ်လည်း အလုပ်လုပ်သလို စာရေးဆရာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ လိင်ကိစ္စ ထိပါးနှောက်ယှက်မှုတွေ ကျူးလွန်တယ်လို့လည်း အစွပ်စွဲအတိုင်တန်း ခံထားရပါတယ်။ နောက်ပြီး သူ့ဟောပြောပွဲမှာ သုံးတဲ့ မူပိုင်ခွင့်ငြိတဲ့ အသုံးအနှုန်းတွေကြောင့်လည်း လျော်ကြေးပေးခဲ့ရတာတွေ ရှိပါတယ်။ တိုနီရော့ဘင်စ်ရဲ့ ထင်ရှားတဲ့ စကားတစ်ခွန်းက “မင်းအမြဲပဲ လုပ်နေကျ အရာကို လုပ်ရတဲ့အခါ မင်းအမြဲတမ်းရနေတဲ့အရာကို ရလိမ့်မယ်။” ဆိုတာပဲ ဖြစ်ပါတယ််။

(၄) အာနိုးရှဝါဇနက်ဂါ

Photo: CityNews Toronto

မင်းသားကြီးအားနိုးအကြောင်း သိပ်မိတ်ဆက်ပေးစရာ လိုမယ် မထင်ပါဘူး။သူဟာ ရုပ်ရှင်မှာတင် ကျော်ကြားတာမဟုတ်ဘဲ နိုင်ငံရေးမှာလည်း ကယ်လီဖိုးနီးယားမြို့တော်ဝန်ဟောင်း ဖြစ်ခဲ့သူပါ။ မောင်စကြဝဠာနဲ့ Mr.Olympia ဆုများရှင်ဟာ နာမည်ကြီး Speaker တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဟောပြောချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့နဲ့ ထက်သန်ခိုင်မြဲတဲ့ Self-Discipline ထားဖို့အပြင် ရည်မှန်းချက်အောင်မြင်အောင် သံဓိဌာန်ခိုင်မာဖို့ကို အဓိက ဦးတည်ပါတယ်။

သူ့စကားတစ်ခွန်းကတော့ “သန်မာမှုဆိုတာ အနိုင်ရခြင်းကနေ မလာပါဘူး။ ရုန်းကန်မှုတွေက သန်မာမှုကို ဖြစ်စေပါတယ်။ ခက်ခဲပင်ပန်းမှုတွေ ကြုံတဲ့အခါ လက်မလျှော့ဖို့ ဆုံးဖြတ်ခြင်းဟာ သန်မာခြင်းပဲ ဖြစ်ပါတယ်။”လို့ ဖြစ်ပါတယ်။

(၅) ဇစ်ဇစ်ဂလာ

Photo: Los Angeles Times

အထင်ကရ ဟောပြောရေးသမားကြီး ဖြစ်သလို ကမ္ဘာအနှံ့ မိုင်သန်းပေါင်းများစွာ ခရီးသွားပြီး ကမ္ဘာကြီးအတွက် ထူးခြားတဲ့ မက်‌ဆေ့ပေးသူတစ်ဦးကတော့ ဇစ်ဇစ်ဂလာ ဖြစ်ပါတယ်။ သူ့စာအုပ်တွေထဲမှာ See You at The Top ၊ Secrets of Closing The Sale တို့ဟာ နာမည်ကျော်ပါတယ်။

သူ့စကားတွေထဲက လူကြိုက်များတဲ့ စကားတစ်ခွန်းကတော့ “သင့်ပန်းတိုင်ကို ရောက်ရှိခြင်းကနေ သင်ရလိုက်တဲ့အရာဟာ သင့်ပန်းတိုင်ကို ရရှိခြင်းကနေ သင်ဖြစ်လာတဲ့အရာလောက် အရေးမကြီးပါဘူး” ဆိုတာပဲ ဖြစ်ပါတယ်။