အသက်ဘယ်လောက်ပဲ ကြီးလာပါစေ ကိုယ့်ကိုယ်ကို အမြဲတမ်း ငယ်ရွယ်နုပျိုနေတယ်လို့ ခံစားရအောင် ပုံမှန်လုပ်ပေးသင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။ ဒါမှ ကျန်းမာသွက်လက်ပြီး စိတ်ချမ်းသာမှာပါ။

Healthy ဖြစ်အောင်စားပါ

ကိုယ့်ကိုယ်ကို ငယ်ရွယ်နုပျိုတယ်လို့ ခံစားရဖို့အတွက် Healthy ဖြစ်အောင်စားသောက်ဖို့လည်း လိုပါတယ်။ အစားအသောက်ကို Healthy ဖြစ်အောင် စားသောက်မယ်ဆိုရင် အသက်ရှည်ကျန်းမာပြီး လှပနေမှာပါ။

အလှအပကိုဂရုစိုက်ပါ

အလှအပကို ဂရုစိုက်မှ အသားအရေနဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း အမြဲတမ်းနုပျိုနေမှာပါ။ အသားအရေ နုပျိုနေရင် ငယ်ရွယ်နုပျိုနေတဲ့ပုံစံ ဖြစ်စေတာပါ။ ပြင်ပြင်ဆင်ဆင်နဲ့ အလှအပကိုလည်း ဂရုစိုက်မယ်ဆိုရင်တော့ အမြဲတမ်း ငယ်ရွယ်နုပျိုပြီး လှပနေမှာပါ။

Yoga, Exercise ပုံမှန်လုပ်ပါ

စိတ်ရောကိုယ်ပါ ကျန်းမာပြီး သွက်လက်နေစေဖို့ Yoga ကျင့်တာပဲဖြစ်ဖြစ်၊ Exercise လုပ်တာပဲဖြစ်ဖြစ် ပုံမှန်လေး လုပ်သွားပေးပါ။ လူကထိုင်းမှိုင်းပြီး ညောင်းညာကိုက်ခဲနေရင် စိတ်မကြည်လင်ရင် အိုစာသွားသလို ခံစားရစေပါတယ်။

Style ကို ပြောင်းလဲပစ်ပါ

Fashion Style တွေ ကိုယ့်ရဲ့ပုံစံတွေကို လန်းဆန်းပြီး နုပျိုနေအောင် ပြောင်းလဲပစ်လိုက်ပါ။ အရောင်နုနုလေးတွေဝတ်ပါ။ ပိုပြီး နုပျိုသွားအောင် Accessories လေးတွေလည်း ဝတ်ဆင်ပါ။

အပြင်သွားပါ

အိမ်ထဲမှာနေရင် ထိုင်းမှိုင်းပြီး အိုစာစေပါတယ်။ ဒါကြောင့် သွက်လက်တက်ကြွပြီး Active ဖြစ်နေအောင် အပြင်သွားပါ။ ပျော်ပျော်ရွှင်ရွှင်နေပါ။ သူငယ်ချင်းတွေနဲ့လည်း တွေ့ပြီး လျှောက်သွားပါ။

Mental Health ကိုဂရုစိုက်ပါ

အမြဲတမ်း ငယ်ရွယ်နုပျိုနေသလို ခံစားရစေဖို့၊ စိတ်ပျော်ရွှင်ပြီး စိတ်ချမ်းသာစေဖို့ဆိုရင် Mental Health ကလည်း အရေးကြီးပါတယ်။ တစ်ချိန်လုံး စိတ်ညစ်ပြီး စိတ်ဓာတ်ကျနေရင် ပိုပြီးအိုစာစေပါတယ်။ ဒါကြောင့် Mental Health ကို ဂရုစိုက်ပါ။ ကိုယ်ပျော်တာကိုပဲလုပ်ပါ။ အများကြီးမတွေးပါနဲ့။ တရားထိုင်တာမျိုးလည်း ပုံမှန်လုပ်ပေးပါ။