တော်တော်များများက ညအိပ်ခါနီးပြီ၊ အိပ်ယာထဲရောက်ပြီဆိုရင် တန်းမအိပ်နိုင်ပဲနဲ့ အတွေးတွေလွန်ပြီး လျှောက်တွေးနေတာနဲ့ အိပ်မပျော်တာမျိုး၊ လျှောက်တွေးပြီး ဝမ်းနည်းနေတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုတွေဖြစ်လာရင် အိပ်ရေးပျက်လာပြီး စိတ်ထိခိုက်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးတိုင်းမှာ အတွေးလွန်နေတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အိပ်ခါနီးဖုန်းမသုံးပါနဲ့

ကိုယ်က ၁၁ နာရီအိပ်မယ်လို့ စဉ်းစားထားရင် ၁၀ နာရီကစပြီး ဖုန်းမသုံးပဲနေပါ။ ဒီလိုလုပ်ပေးတာက အရမ်းသိသာပါတယ်။ အိပ်ခါနီး မျက်စိကြောင်ပြီး အိပ်မပျော်နိုင်ဖြစ်တာမျိုး၊ အတွေးတွေလွန်ပြီး အိပ်မရတာမျိုးတွေကို သိသိသာသာလျော့ကျသွားစေဖို့ ကူညီပေးပါတယ်။

တရားထိုင်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

အိပ်ခါနီး ဖုန်းမသုံးပဲနေတဲ့အချိန်တွေမှာ အားနေပါလိမ့်မယ်။ အဲ့အချိန်တွေမှာ တရားထိုင်တာပဲဖြစ်ဖြစ်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ အိပ်ပျော်စေမယ့်၊ စိတ်တည်ငြိမ်စေမယ့် ယောဂကျင့်တာပဲဖြစ်ဖြစ် အစားထိုးလုပ်ပေးပါ။ စိတ်ဖိစီးတာတွေ၊ စိတ်ညစ်စရာတွေပြေပျောက်ပြီး မြန်မြန်အိပ်ပျော်စေတယ်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အတွေးလွန်တတ်တဲ့စိတ်ကိုလည်း ထိန်းချုပ်ပေးပါတယ်။

Herbal Tea ပူပူလေးသောက်ပါ

အိပ်ခါနီး နာရီဝက်အလိုမှာ herbal tea ပူပူလေးကို မှုတ်သောက်ပေးခြင်းက စိုးရိမ်မှုတွေ၊ stress တွေပြေလျော့စေပြီး အိပ်ချင်စိတ်ဖြစ်လာစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

သီချင်းနားထောင်ပါ

အိပ်တဲ့အချိန်မှာ အတွေးလွန်ပြီး လျှောက်တွေးနေတာမျိုးမဖြစ်ပဲ မြန်မြန်အိပ်ပျော်သွားအောင် သီချင်းနားထောင်ပြီးအိပ်ပါ။ အိပ်ပျော်စေဖို့၊ stress တွေလျော့ကျစေဖို့အတွက် သီးသန့်လုပ်ပေးထားတဲ့ သီချင်းတွေကို youtube ကနေရှာပြီး နားထောင်ကြည့်ပါ။ သိသိသာသာပြောင်းလဲလာတဲ့ result ကို မြင်တွေ့ရမှာပါ။