တချို့က မျက်နှာအသားအရေကိုတော့ ဂရုစိုက်နေပေမယ့် လည်ပင်းကိုတော့ မေ့နေတတ်ကြပါတယ်။ လည်ပင်းကို လျစ်လျူရှုထားတာကြာလာရင် အရွယ်မတိုင်ခင်မှာ အရေးကြောင်းတွေ ဖြစ်လာနိုင်ပါတယ်။အရေးကြောင်းတွေ သက်သာပြီး အရင်ကလို ငယ်ရွယ်နုပျိုစေဖို့ဆို ဒီအချက်တွေကို မမေ့ပါနဲ့။

ငုံ့မကြည့်ပါနဲ့

ဖုန်းနဲ့ကွန်ပျူတာကို နာရီပေါင်းများစွာ ငုံ့ကြည့်တာက ကျောနဲ့ လည်ပင်းမှာ အရေးအကြောင်းတွေကို ဖြစ်စေနိုင်တာမလို့ ကွန်ပျူတာသုံးတဲ့အချိန်တွေမှာ ကွန်ပျူတာကို ချိန်ညှိပြီး ရှေ့တည့်တည့်ကြည့်ပါ။ စားပွဲအဆင်မပြေရင် လက်ပ်တော့အထိုင်တစ်ခုဖြစ်ဖြစ်သုံးပြီး ချိန်ညှိပါ။

နေ့တိုင်း သန့်ရှင်းပေးဖို့ မမေ့ပါနဲ့

ညအိပ်ခါနီး မျက်နှာက မိတ်ကပ်တွေကိုဖျက်တဲ့အချိန်နဲ့ Moisturizer လိမ်းတဲ့အခါ လည်ပင်းကိုလည်း ဖျက်ဖို့ လိမ်းဖို့ မမေ့ပါနဲ့။

Exfoliation လုပ်ဖို့မမေ့ပါနဲ့

ဆဲလ်သေတွေကို ဖယ်ရှားပစ်ဖို့ မျက်နှာကို Exfoliation လုပ်တဲ့အခါ လည်ပင်းကို မေ့မထားပါနဲ့။ လည်ပင်းအသားအရေက ထိခိုက်လွယ်တာမလို့ Exfoliation လုပ်တဲ့အခါ အရေပြားကို မပျက်စီးစေဖို့အတွက်
ဖြည်းဖြည်းလုပ်ပေးပါ။ တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လုပ်ပေးပါ။

Retinoid Cream လမ်းပါ

အရေးအကြောင်းတွေကို တိုက်ဖျက်တဲ့နေရာမှာ Retinoid Cream ကမပါမဖြစ်ပါဘဲ။ ဒါပေမယ့် Retinoid Cream က အသားအရေကိုခြောက်စေတာမလို့ အများကြီးမလိမ်းဘဲ ပမာဏနည်းနည်းကိုဘဲ ၂ ရက်တစ်ကြိမ် လိမ်းပေးပါ။

လည်ပင်းယောဂကျင့်ပါ

နေ့တိုင်း မိနစ် ( ၃၀ ) လောက် Face Yoga ကျင့်စဥ်တွေကို ကျင့်ပေးတာက လည်ပင်းအရေးအကြောင်းတွေကို သက်သာစေပါတယ်။ အကောင်းဆုံးရလဒ်ကို ပိုင်ဆိုင်နိုင်ဖို့ လည်ပင်းယောဂကို အနည်းဆုံး ( ၅ ) လလောက် ကျင့်ပေးပါ။