Body mist တွေက ရေမွှေးလောက်တော့ အနံ့ကြာရှည်မခံပါဘူး။ ဒါကြောင့်လည်း body mist တွေသုံးရင် အနံ့ကကြာရှည်မခံဘူး၊ အနံ့မဆွဲဘူးဆိုပြီး ဖြစ်ကြတာများပါတယ်။ ဒါကြောင့် body mist သုံးတဲ့အခါ ကိုယ့်ခန္ဓာကိုယ်မှာ အနံ့ကြာရှည်စွဲအောင် ဘယ်လိုသုံးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

Skin ပေါ်ဖြန်းပါ

Body mist တွေကို အဝတ်အစားပေါ် မဖြန်းပါနဲ့။ Skin ပေါ်ကို တိုက်ရိုက်ဖြန်းပါ။ အဓိကနေရာတွေကို ဖြန်းပါ။ နားအနောက်၊ လည်ပင်း၊ ဂုတ်၊ တံတောင်ကွေးနေရာ၊ ရင်ညွှန့်နေရာတွေကို ဖြန်းပေးပါ။ အဲ့နေရာတွေက ချွေးထွက်လေ ကိုယ့်ရဲ့ body mist အနံ့ ပိုထွက်လေပါပဲ။ အနံ့လည်း ပိုပြီးကြာရှည်ခံစေပါတယ်။

ကိုယ်ဖြန်းမယ့်နေရာကို Vaseline အရင်လိမ်းပါ

ကိုယ်ဖြန်းမယ့်နေရာကို Vaseline (သို့) အနံ့မပါတဲ့ lotion, cream စတာတွေ အရင်လိမ်းပါ။ ပြီးမှ အဲ့နေရာကို body mist ဖြန်းပါ။ ဒါဆိုရင် အနံ့ပိုပြီး ကြာရှည်စွဲစေပါတယ်။

ဖြန်းထားတာမခြောက်သေးပဲ အင်္ကျီမဝတ်ပါနဲ့

Body mist ဖြန်းပြီးပြီးချင်း အင်္ကျီဝတ်လိုက်ရင် ဖြန်းထားတာတွေက အင်္ကျီမှာပေသွားပြီး အနံ့ပျယ်စေပါတယ်။ ဒါကြောင့် ကိုယ်ဖြန်းထားတာ ခြောက်ပြီဆိုမှ အင်္ကျီဝတ်ပါ။ ရေချိုးပြီးတာနဲ့ body mist တန်းသုံးပါ။

ဆံပင်ကိုပါဖြန်းပါ

Body mist သုံးမယ်ဆိုရင် ဆံပင်ကိုပါ ဖြန်းပေးပါ။ အနံ့ပိုရစေပါတယ်။ ဆံပင်မှာ အနံ့စွဲနေတဲ့အတွက် လေတိုက်တိုင်းမှာ အနံ့ရစေသလို၊ ကိုယ့်ဘေးကဖြတ်သွားရင်လည်း ဘေးလူက အနံ့လေးရနေစေပါတယ်။

နေရောင်မထိအောင်ထားပါ

Body mist တွေကို နေရောင်မထိတဲ့နေရာ၊ မှောင်တဲ့နေရာမှာထားပါ။ ကိုယ့်မှန်တင်ခုံနေရာက ပြတင်းပေါက်နေဝင်တယ်ဆိုရင် အဝတ်ဗီဒိုထဲသာ ထည့်သိမ်းထားပါ။ နေရောင်ထိရင် အနံ့ပျက်စေပါတယ်။ ဒါကြောင့် ထားတဲ့နေရာကလည်း အရေးကြီးပါတယ်။