ကိုယ့်ရဲ့အတွေးတွေက တစ်ချိန်လုံး negative ဘက်ပဲဖြစ်နေရင် စိတ်ဆင်းရဲပြီး ပိုပင်ပန်းရပါတယ်။ ဒါကြောင့် negative ဆန်တဲ့အတွေးတွေကနေ ရုန်းထွက်နိုင်ဖို့ ကူညီပေးမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

အသက်ရှူတဲ့အပေါ်မှာ Focus ထားပါ

Negative ဆန်တဲ့အတွေးတွေ ဝင်လာပြီဆိုရင် အသက်ရှူသွင်း၊ ရှူထုတ်လုပ်တဲ့အပေါ်မှာပဲ စိတ်ကို focus ထားပါ။ မျက်စိမှိတ်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ အနည်းဆုံး ၁၀ ကြိမ် လုပ်ပေးပါ။

တရားဖွင့်ပြီးနားထောင်ပါ

Negative ဆန်တဲ့အတွေးတွေပဲ အမြဲတမ်းတွေးနေမိတယ်ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာမှာ တရားဖွင့်ပြီးနားထောင်တာမျိုး လုပ်ပေးပါ။ ၁၅ မိနစ်လောက်ပဲဖြစ်ဖြစ် တရားဖွင့်ပြီး တရားထိုင်တာမျိုးလုပ်ပေးပါ။ သိသိသာသာကို စိတ်ပြောင်းလဲလာပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ပါ

ဒီနေရာမှာလုပ်ရမယ့် လေ့ကျင့်ခန်းကျတော့ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းမှု၊ တည်ငြိမ်မှုဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုးပါ။ အကောင်းဆုံးကတော့ ယောဂပါပဲ။ စိတ်တည်ငြိမ်ပြီး negative ဆန်တဲ့အတွေးတွေ၊ မကောင်းတဲ့အတွေးတွေ အကုန်လုံးကနေ အကောင်းဘက်ကို တွေးလာနိုင်ပါလိမ့်မယ်။

အကြိုက်ဆုံးဝါသနာတစ်ခုကိုရှာပါ

အစထဲကမှ negative ဆန်တာတွေပဲ တွေးနေမိတဲ့သူဆိုတော့ အားနေရင် ပိုတောင်တွေးမိနေမှာပါ။ ဒါကြောင့် မအားအောင်နေပါ။ ကိုယ်အကြိုက်ဆုံးဖြစ်မယ့် ဝါသနာတစ်ခုကို ရှာဖွေပြီးလုပ်ကြည့်ပါ။ စိတ်ပျော်ရွှင်ပြီး ဒါကိုပဲ လုပ်ချင်နေပါလိမ့်မယ်။

စာဖတ်ပါ

စာဖတ်တဲ့အကျင့်လည်းလုပ်ပေးပါ။ စာဖတ်ခြင်းက စိတ်နဲ့ အတွေးအခေါ်တွေကို အကောင်းဘက် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် စာများများဖတ်ပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝရင် စိတ်မကြည်ပဲ စိတ်ရှုပ်ပြီး ခေါင်းကိုက်တာတွေ ဖြစ်လာမယ်၊ စိတ်တွေတိုလာပါမယ်။ အဲ့အခါကျရင် တွေးတဲ့အတွေးတွေက အကောင်းဘက်ကို လုံးဝမရောက်တော့ပါဘူး။ အဆိုးတွေကိုပဲ တွေးနေမိတာပါ။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့ကလည်း အရေးကြီးပါတယ်။