ကိုယ်သုံးနေတဲ့ဖုန်းက အရမ်းပူခြစ်လာတာမျိုးတွေဖြစ်ရင် အန္တရာယ်များသလို ဖုန်းလည်းပျက်စီးစေပါတယ်။ ဒါကြောင့် ဖုန်းအရမ်းပူလာတာမျိုးမဖြစ်အောင် ရှောင်ကြဉ်ရမယ့်အရာတွေနဲ့ ကြိုတင်ကာကွယ်လို့ရတဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ရာသီဥတုအရမ်းပူရင်ဖုန်းသုံးတာလျှော့ပါ

ရာသီဥတုအရမ်းပူတဲ့နေ့တွေမှာ အပြင်သွားရင် ဖုန်းသုံးတာလျှော့ပါ။ ဖုန်းအရမ်းသုံးရင် ရာသီဥတုအပူရှိန်နဲ့ ဖုန်းက ပူခြစ်လာပါလိမ့်မယ်။ ဖုန်းအရမ်းပူလာပြီး battery လည်း အကုန်မြန်လာပါလိမ့်မယ်။ အိမ်မှာနေရင်တောင်မှ ရာသီဥတုအရမ်းပူရင် ဖုန်းလည်း ပုံမှန်ထက်ပိုပူလာပါတယ်။

ဖုန်းကိုကွန်ပြူတာနဲ့နီးကပ်မထားပါနဲ့

တော်တော်များများက အလုပ်လုပ်တဲ့စားပွဲပေါ်မှာ ဖုန်း၊ ကွန်ပြူတာတွေကို တူတူအနီးကပ် ထားထားလေ့ရှိပါတယ်။ အဲ့လိုထားတာက ဖုန်းပိုပူစေပါတယ်။ ကွန်ပြူတာပူနေတာက ဖုန်းကိုပါ အပူကူးသလိုဖြစ်တဲ့အတွက် ဝေးဝေးမှာထားတာ ပိုကောင်းပါတယ်။

အိတ်ကပ်ထဲမထည့်ပါနဲ့

ဖုန်းကို အိတ်ကပ်ထဲထည့်တာက body အပူချိန်နဲ့ ဖုန်းပိုပူစေပါတယ်။ ဒါကြောင့် အင်္ကျီအိတ်ကပ်ထဲ၊ ဘောင်းဘီအိတ်ကပ်ထဲ ထည့်တာကိုရှောင်ပါ။

Cover ချွတ်ပြီးအားသွင်းပါ

ဖုန်းအားသွင်းမယ်ဆိုရင် cover ချွတ်ပြီးသွင်းတာက ပိုကောင်းပါတယ်။ Cover တပ်ထားရင် ဖုန်းပိုပူပါတယ်။ ဖုန်းသုံးတဲ့အခါမှာ ဖုန်းအားကိုသတိထားပါ။ Battery 20% အောက်ရောက်တဲ့အထိတွေသုံးတာက battery ပျက်စီးပြီး ဖုန်းပူစေပါတယ်။

ဖုန်းအားသွင်းထားချိန်ခေါင်းအုံးအောက်မထားပါနဲ့

ဖုန်းအားသွင်းထားတဲ့အချိန်မှာ ခုံပေါ်ပဲတင်သွင်းပါ။ အိပ်နေရင်း ခေါင်းအုံးအောက်ထားတာတွေ၊ အဝတ်မျက်နှာပြင်ပေါ်တင်ထားတာတွေက ဖုန်းပိုပူစေပါတယ်။ အရမ်းပူလာရင် အန္တရာယ်လည်းများပါတယ်။

ဖုန်း Overheat ဖြစ်ပြီး အရမ်းပူလာရင် ဒါတွေလုပ်ကြည့်ပါ

ဖုန်းက overheat ဖြစ်ပြီး အရမ်းပူလာရင် ဆက်မသုံးပါနဲ့။ Power ပိတ်ပြီး ဖုန်းကို ပန်ကာလေခံပေးပါ။

ပန်ကာလေလောက်နဲ့မရရင် ဖုန်းကို power ပိတ်ပြီး ရေခဲသေတ္တာထဲ ခဏထည့်ထားလို့ရပါတယ်။ ၁၀ မိနစ်လောက် ထည့်ထားရင်ရပါပြီ။ ဟိုးရေခဲအကန့်ထဲ ထည့်စရာမလိုပါဘူး။

ပန်ကာလည်းမရှိဘူး၊ ရေခဲသေတ္တာထဲ ထည့်ဖို့လည်း အဆင်မပြေဘူးဆိုရင် aircon ခန်းထဲ ဖုန်းခဏပိတ်ထားလိုက်ပါ။

source:www.brightside.me