နွေရာသီမှာဆိုရင် အရမ်းပူတော့ ချွေးနံ့ထွက်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုချွေးအရမ်းထွက်တဲ့ နွေရာသီမျိုးမှာတောင်မှ အမြဲတမ်း အနံ့အသက်ကောင်းနေစေဖို့ ကူညီပေးမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Cool Scents တွေသုံးပါ

နွေရာသီမှာ ရေမွှေးတွေ Lotion တွေကို cool scents လေးတွေသုံးပေးပါ။ အနံ့လေးတွေက အရမ်း fresh ဖြစ်ပြီး အေးမြတဲ့ feeling မျိုးရစေမယ့်အနံ့တွေ၊ ပန်းနံ့သင်းသင်းလေးတွေကို ရွေးသုံးပါ။ အဲ့အနံ့တွေက ချွေးထွက်ရင်တောင် အနံ့မပြောင်းပဲ မွှေးနေစေပါတယ်။

လေဝင်လေထွက်ကောင်းတဲ့ဖိနပ်စီးပါ

ဘွတ်ဖိနပ်တွေစီးရင် ခြေအိတ်ဝတ်တာနဲ့ ပိတ်လှောင်ပြီး ခြေဆီပိုထွက်စေပါတယ်။ တချို့ခြေဆီထွက်တတ်တဲ့သူတွေဆိုရင် အချိန်ကြာလာရင် ခြေထောက်က အနံ့နံတာမျိုးတွေပါ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ နွေရာသီမှာ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုသာ ရွေးစီးပါ။

ဆံပင်ကိုရေမွှေးဆွတ်ပါ

ချွေးအရမ်းထွက်ရင် ဂုတ်နဲ့ကျောကနေ ပိုထွက်ပါတယ်။ ဒါကြောင့် ဆံပင်ကိုပါ ရေမွှေးဆွတ်ပေးမယ်ဆိုရင်တော့ လေတိုက်တိုင်းမှာ ရေမွှေးနံ့လေးထွက်လာပြီး အမြဲတမ်း အနံ့အသက်ကောင်းနေမှာပါ။ ဆံပင်ချထားရင်လည်း ကျောမှာကျနေတဲ့အတွက် ချွေးနံ့တွေကို ဖုံးပေးပါတယ်။

Dry Deodorant နဲ့ Baby Wipes ဆောင်ထားပါ

ချွေးအရမ်းထွက်တတ်တဲ့သူဆိုရင် အမြဲတမ်း အနံ့အသက်ကောင်းနေစေဖို့ ဘယ်သွားသွား အိတ်ထဲမှာ Dry Deodorant နဲ့ Baby Wipes ကိုဆောင်ထားပါ။ ချွေးအရမ်းထွက်လာပြီ၊ ချွေးနံ့နည်းနည်းထွက်လာပြီဆိုရင် ဂျိုင်းကို Baby Wipes နဲ့သုတ် သန့်စင်ပြီး Dry Deodorant လေး သုံးပေးပါ။

ရေများများသောက်ပါ

ခန္ဓာကိုယ်က အပူအပုပ်တွေရှိနေရင် ချွေးထွက်တဲ့အခါ နံပါတယ်။ ခံတွင်းအနံ့လည်းမကောင်းပါဘူး။ ဒါကြောင့် နွေရာသီမှာ ရေများများသောက်ပါ။ ပုံမှန်ထက်ပိုပြီး ရေသောက်ပေးပါ။ ဝမ်းလည်းမချုပ်ပါစေနဲ့။