ရေမွှေးသုံးရင် ဘယ်လောက်ဆွတ်ဆွတ် အနံ့ကြာကြာမခံလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကိုယ့်ခန္ဓာကိုယ်မှာ ရေမွှေးနံ့ကြာရှည်ခံစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေ ဖြစ်မှာပါ။

အနံ့စွဲမယ့်နေရာတွေကိုဆွတ်ပါ

ရေမွှေးဆွတ်မယ်ဆိုရင် အနံ့ကြာရှည်ခံအောင်၊ တစ်နေကုန်အနံ့စွဲပြီး မွှေးနေအောင် လက်ကောက်ဝတ်၊ လည်ပင်း၊ တံတောင်ကွေးနဲ့ တံတောင်ဆစ်နေရာတွေမှာ များများဆွတ်ပေးပါ။ အဝတ်အစားမှာဆွတ်တာက ခဏပဲမွှေးပါတယ်။ အနံ့ကြာကြာမခံပါဘူး။ ကိုယ်ဖြီးမယ့်ဘီးကို ရေမွှေးဖြန်ပြီး ခေါင်းပြီးပေးရင် ဆံပင်မှာ အနံ့စွဲပြီး အကြာကြီးမွှေးပါတယ်။

ရေမွှေးဆွတ်ပြီးလက်ကောက်ဝတ်ကိုမပွတ်ပါနဲ့

အများစုက ရေမွှေးဆွတ်ရင် လက်ကောက်ဝတ်ကိုပါ ဆွတ်ကြပါတယ်။ ဒါပေမယ့် ဆွတ်ပြီးရင် လက်ကောက်ဝတ်နှစ်ခုကို ပွတ်လိုက်တာက မှားပါတယ်။ လက်ကောက်ဝတ်နှစ်ခုကိုပွတ်လိုက်ရင် ရေမွှေးအနံ့ပြယ်တာ၊ အနံ့ပြောင်းတာတွေ ဖြစ်ပါတယ်။

Moisturizer လိမ်းပြီးမှရေမွှေးဆွတ်ပါ

ကိုယ်ရေမွှေးဆွတ်မယ့်နေရာကို အနံ့မပါတဲ့ lotion, cream စတဲ့ moisturizer တွေလိမ်းပြီး ဆွတ်မယ်ဆိုရင်လည်း အနံ့ကြာကြာခံပါတယ်။ Moisturizer မလိမ်းဖြစ်ရင် Vaseline Petroleum Jelly ကိုပွတ်ပြီးမှ ဆွတ်လို့ရပါတယ်။

ရေမွှေးကိုသေချာသိမ်းပါ

ရေမွှေးပုလင်းကို အပြင်မှာထုတ်မထားပဲ သူ့ဘူးထဲ၊ အိတ်ထဲ ပြန်ထည့်ထားပါ။ ရေမွှေးကို နေရောင်ခြည် တိုက်ရိုက်ထိတဲ့နေရာမှာထားတာက အနံ့ပျက်စေပါတယ်။ အေးတဲ့နေရာ၊ မှောင်တဲ့နေရာ၊ နေရောင်မထိတဲ့ နေရာတွေမှာပဲထားပါ။ ရေမွှေးဆွတ်ပြီး ပုလင်အဖုံးပြန်ပိတ်ဖို့မေ့တာမျိုး မဖြစ်ပါစေနဲ့။ ရေမွှေးအနံ့ပြယ်တာ၊ အနံ့ပြောင်းတာမျိုးတွေ ဖြစ်တတ်တဲ့အတွက် ဂရုတစိုက်နဲ့ ပြန်ပိတ်ဖို့လိုပါတယ်။