ဒီနေ့ဝေမျှပေးချင်တာက တန်ဖိုးကြီးပေးဝယ်ထားရတဲ့ ဂျင်းဘောင်းဘီတွေကို မပျက်စီးအောင် ဂရုစိုက်ရမယ့်နည်းတွေပါ။ ဒီအချက်တွေကိုသာ သေချာလိုက်နာရင် နှစ်ဘယ်လောက်ကြာကြာ သင့်ဂျင်းဘောင်းဘီတွေက မပျက်စီးဘဲ တာရှည်ခံနေမှာပါ။ ဒါဆို ဘယ်လိုအချက်တွေကို လိုက်နာရမလဲဆိုတာ ကြည့်လိုက်ရအောင် –
ခနခနမလျှော်ပါနဲ့
ပထမဆုံးအကြံပြုချက်ကတော့ ဂျင်းဘောင်းဘီကို တတ်နိုင်သမျှ လျှော်တဲ့အကြိမ်အရေအတွက် လျှော့ချဖို့ပါပဲ။ လျှော်တဲ့အကြိမ်အရေအတွက်နည်းလေ ပိုတာရှည်ခံလေပါ။
အနံ့ဆိုးမစွဲပါစေနဲ့
ဂျင်းဘောင်းဘီမှာ အနံ့ဆိုးတွေ မစွဲအောင်လို့ ဂျင်းဘောင်းဘီကို Fabric Spray နဲ့ ဖြန်းပြီး အနံ့ဆိုးတွေထွက်သွားအောင် ကုလားထိုင်ပေါ်မှာ ဖြန့်ထားလိုက်ပါ။
ရေနွေးနဲ့မလျှော်ပါနဲ့
ဂျင်းဘောင်ဘီလျှော်တဲ့အခါ အပူကို ဘယ်တော့မှ မသုံးပါနဲ့ ။ ဂျင်းထဲက Elastin က အပူကြောင့်ပျက်စီးသွားရင် အချိန်ကြာလာတာနဲ့အမျှ ဂျင်းရဲ့ပုံစံ ပျက်စီးသွားနိုင်ပါတယ်။
အပျော့စား ဆပ်ပြာနဲ့လျှော်ပါ
ဂျင်းဘောင်းဘီတွေကို လျှော်တဲ့အခါတိုင်း အရောင်ကျမသွားအောင် အတွင်းအပြင်ကို လှန်ပြီး ဆပ်ပြာအပျော့စားကို သုံးပြီးလျှော်ပေးပါ။
လက်နဲ့လျှော်ပါ
ဂျင်းဘောင်ဘီလျှော်တဲ့အခါ စက်နဲ့လျှော်တာထက် လက်နဲ့လျှော်တာက အကောင်းဆုံးပါ။ လျှော်တဲ့အခါ ပေနေတာ ညစ်ပတ်တာလေးတွေရှိရင် နူးညံ့တဲ့ Brush ကို သုံးလို့ရပါတယ်။
လေနဲ့အခြောက်ခံပါ
လျှော်ပြီးလို့အခြောက်ခံတဲ့အခါ လေနဲ့အခြောက်ခံတာက ဂျင်းကို ပျော့စေတာမလို့ အခြောက်ခံစက်ထဲ ငါးမိနစ်လောက် အပူပေးပြီးရင် လေနဲ့အခြောက်ခံလိုက်ပါ။