အိပ်ယာဝင်တာနဲ့ ချက်ချင်းအိပ်ပျော်သွားချင်တယ်၊ ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် ယောဂပို့စ်တွေကို မအိပ်ခင်မှာ လုပ်ကြည့်ပါ။ လုပ်ပြီးရင် တန်းအိပ်ပါ။ ဒီယောဂပို့စ်တွေက သင့်ကို အိပ်ယာထဲဝင်တာနဲ့ ချက်ချင်းအိပ်ပျော်သွားအောင် ကူညီပေးနိုင်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုနံရံမှာ ၂ မိနစ်လောက် ကပ်ပြီးထောင်ထားပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ခေါင်းအုံးပေါ်ကို ခေါင်းတင်ပြီး လက်နှစ်ဖက်လည်း စုတင်ထားပါ။ ခြေထောက်နှစ်ဖက်ကိုတော့ တတ်နိုင်သလောက် ဆန့်ထုတ်ပြီး ကားထားရပါမယ်။ အဲ့အတိုင်း ၁၀ ကြိမ်လုပ်ပေးပါ။

ခေါင်းအုံးကို ဝမ်းဗိုက်အောက်မှာထားပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုဆန့်၊ လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လက်ချောင်းတွေကို စုထားရပါမယ်။ အဲ့အတိုင်း လက်ချောင်းတွေကို စုလိုက်၊ ပြန်ခွာလိုက်နဲ့ ၁၀ ကြိမ်လုပ်ပေးပါ။

ခေါင်းအုံးကို အရှည်လိုက် ဇာတ်နေရာကနေ ခါးနေရာလောက်ထိ ဖိထားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို နည်းနည်းကားပြီးဆန့်ထားပါ။ ခြေထောက်ကို တင်ပလေခွေထိုင်သလို ကွေးပြီး ခြေဖဝါးနှစ်ခုကို စုံထိထားပါ။ အဲ့အတိုင်း ၃ မိနစ် နေပေးရပါမယ်။

ခေါင်းအုံးကို ခုနကလိုပဲ နောက်ကျောမှာ ဖိထားပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို စုပြီး တစ်စောင်းလေးကွေးထားပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ နောက်တစ်ဖက်ကိုလှည့်ထားရမှာပါ။ ဘယ်ဘက်ကို ၁ မိနစ် လှည့်နေ၊ ညာဘက်ကို ၁ မိနစ် လှည့်နေရပါမယ်။

ခုနကလိုပဲ ခေါင်းအုံးကို နောက်ကျောမှာဖိထားပြီး လက်နှစ်ဖက်ကော၊ ခြေထောက်နှစ်ဖက်ကိုပါ နည်းနည်းလေးကားပြီး ဆန့်ထားပါ။ အသက်ကို ပြင်းပြင်းလေး ရှိုက်ပြီးရှူပါ။

Source: www.brightside.me