ရာသီလာတိုင်းမှာ နာကျင်ကိုက်ခဲမှုကို ခံစားနေရတဲ့ မိန်းကလေးတွေအနေနဲ့ ပုံမှန်အမြဲ လုပ်ပေးသင့်တဲ့ yoga တွေကို မျှဝေပေးလိုက်ပါတယ်။ အားလုံးက လုပ်ရလွယ်ကူပြီး အိမ်မှာအေးဆေးလုပ်လို့ရတာကြောင့် try ကြည့်သင့်ပါတယ်။

Head to Knee Pose

ခြေထောက်တစ်ဖက်ကိုကွေးပြီး နောက်ခြေထောက်တစ်ဖက်ကို ဆန့်ထားပါ။ ပြီးရင် ဆန့်ထားတဲ့ခြေထောက်ကို လက်နှစ်ဖက်နဲ့လှမ်းကိုင်ပြီး နဖူးနဲ့ဒူးကို ရအောင်ထိကြည့်ပါ။ မထိလည်း ရသလောက်လုပ်ပေးပါ။ အဲ့အတိုင်း ခြေထောက်ကိုဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး ၅ ကြိမ်စီသာ လုပ်ပေးရင် ရပါတယ်။

Reclined Goddess Pose

ပုံမှာလုပ်ပြထားတဲ့အတိုင်း yoga ဖျာပေါ်မှာ လှဲနေပြီး မျက်စိမှိတ်ကာ အသက်ကိုဖြေးဖြေးချင်း ရှိုက်ပြီးရှူသွင်းလိုက်၊ ပြန်ရှူထုတ်လိုက်နဲ့ လုပ်ပေးပါ။ အနည်းဆုံး ၁ မိနစ်ရအောင် လုပ်ပေးပါ။

Cobbler’s Pose

ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ဖက်ကိုထိ၊ လက်ဖဝါးနှစ်ဖက်က ခြေထောက်နှစ်ဖက်ကို စုကိုင်ထားပြီး မျက်စိမှိတ်ကာ အသက်ကို ရှူသွင်းရှူထုတ်လုပ်ရင်းနဲ့ ခါးကို အရှေ့နည်းနည်းကုန်းလိုက်၊ ပြန်မတ်လိုက်နဲ့ ဆက်တိုက် ၁ မိနစ် လုပ်ပေးရပါမယ်။

Seated Twist Pose

ပုံမှာလုပ်ပြထားတဲ့အနေအထားအတိုင်းကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးရမှာပါ။ တစ်ဖက်ကို စက္ကန့် ၃၀ စီ အဲ့ပုံစံအတိုင်းနေပြီး အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးနေရင် ရပါပြီ။

Squat Pose

Squat pose အနေအထားနဲ့ ခြေထောက်နှစ်ဖက် ခြေချောင်းတွေကို အပြင်လှည့်ထားတဲ့ စက္ကန့် ၃၀ ထိုင်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ရှူထုတ်လိုက် လုပ်ရုံပါပဲ။

Camel Pose

ပုံမှာပြထားတဲ့အနေအထားအတိုင်းလုပ်ပြီး ၁၅ စက္ကန့်နေပေးပြီး ပြီးရင် ခါးပြန်မတ်ပါ။ ပြီးရင် အဲ့အတိုင်းထပ်လုပ်ပါ။ တစ်ခါလုပ်ရင် ၁၅ စက္ကန့်နေပေးပြီး စုစုပေါင်း ၅ကြိမ် လုပ်ပေးပါ။

Happy Baby Pose

Happy baby pose အနေအထားနဲ့ ၁၅ စက္ကန့်နေပြီး အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပါ။ ပြီးရင် ခြေထောက်ပြန်ချပါ။ ပြီးရင် အဲ့အတိုင်းပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်တော့ လုပ်ပေးရပါမယ်။