ချွေးနံ့အရမ်းနံရင် ကိုယ်တိုင်လည်း ယုံကြည်မှုပျောက်ဆုံးရသလို တခြားသူအတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ချွေးနံ့အရမ်းထွက်တာကို သက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ရေပုံမှန်ချိုးပါ

ရေပုံမှန်မချိုးရင် body ကနေ ချွေးနံ့က ပိုထွက်စေပါတယ်။ ဒါကြောင့် ရေကိုပုံမှန်ချိုးပါ။ ရေချိုးတဲ့အခါမှာလည်း ပြီးစလွယ်မချိုးပဲ သေချာစိမ်ပြီးချိုးပါ။ တစ်ပတ်တစ်ခါလောက် body scrub လုပ်ပေးပါ။

Antibacterial ဆပ်ပြာသုံးပါ

Antibacterial ဆပ်ပြာကိုသုံးပေးခြင်းက bacteria တွေသေစေပြီး အနံ့အသက်ဆိုးတွေလည်း သက်သာစေပါတယ်။

ကိုယ်သုံးတဲ့ Towel ကို ပုံမှန်လျှော်ပါ

ကိုယ်သုံးတဲ့ towel ကို သန့်သန့်ရှင်းရှင်းထားပြီး ပုံမှန်လျှော်ပေးပါ။ မဟုတ်ရင်တော့ towel ကပါ အနံ့နံပြီး ရေချိုးပြီးသုတ်ရင် ကိုယ့် body ကို ပြန်ကပ်တာနဲ့ မထူးပါဘူး။ ဒါကြောင့် ၂ ပတ် ၁ ခါလောက်တော့ လျှော်ပေးတာ၊ လဲပေးတာမျိုး လုပ်ရပါမယ်။

ဝတ်ပြီးသားအဝတ်ကိုပြန်မဝတ်ပါနဲ့

ခဏပဲဝတ်ထားတာ၊ အပြင်ခဏပဲသွားထားတာ စတဲ့အကြောင်းပြချက်တွေနဲ့ ဝတ်ပြီးသားအဝတ်တွေကို ပြန်မဝတ်ပါနဲ့။ အဝတ်မှာကပ်နေတဲ့ချွေးနဲ့ အနံ့တွေက ကိုယ်မှာလာစွဲစေပါတယ်။ ဒါကြောင့် ရေချိုးပြီးရင် အသစ်လဲပါ။ အပြင်ကပြန်လာရင်လည်း အဝတ်အစားလဲပါ။

ချွေးနံ့ထိန်းတဲ့ Product သုံးပါ

ချွေးနံ့အရမ်းထွက်တဲ့သူတွေက ချွေးနံ့ထိန်းတဲ့ product တစ်ခုခု သုံးကိုသုံးသင့်ပါတယ်။ ဥပမာ – deodorant သုံးတာမျိုးပါ။ ဒီလို product တွေသုံးမှလည်း ချွေးနံ့ထွက်တာက သက်သာစေမှာပါ။

ရေမွှေးသုံးပါ

ချွေးနံ့ထိန်းတဲ့ product တွေသုံးပြီးလည်း ရေမွှေးသုံးပေးပါ။ ဒါမှ ကိုယ့်ဆီက အမြဲတမ်းမွှေးတဲ့အနံ့လေး ရနေစေမှာပါ။ ရေမွှေးသုံးရင် ကိုယ့်ဆီကမွှေးနေတဲ့အနံ့ကြောင့် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုတိုးစေပါတယ်။

အစားအသောက်ဂရုစိုက်ပါ

နို့ထွက်ပစ္စည်းတွေ၊ အစပ်တွေနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်အနံ့ပိုနံစေလို့ မစားသင့်ပါဘူး။ အသီးအရွက်နဲ့ အသီးအနှံတွေကိုသာ များများစားပေးပါ။