အိပ်တဲ့အခါမှာ အရမ်းဟောက်တာက ကိုယ့်အတွက်လည်း မကောင်းသလို တခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဟောက်တတ်တာက မပျောက်တဲ့အရာမဟုတ်ပါဘူး။ ပျောက်အောင်လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အိပ်ရင်အရမ်းဟောက်တတ်တဲ့သူတွေအတွက် ဟောက်တာသက်သာစေမယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဘေးတစ်စောင်းအိပ်ပါ

ဘေးတစ်စောင်းအိပ်တာက ဟောက်တာ သက်သာစေတဲ့ နည်းလမ်းတစ်ခုပါပဲ။ ပတ်လက်အိပ်တာက ပိုပြီးဟောက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်တာ၊ ပင်ပန်းတာတွေ များလာရင် ဟောက်လေ့မရှိတဲ့သူတောင်မှ ဟောက်တတ်လာပါတယ်။ အရမ်းပင်ပန်းပြီး အိပ်ရေးပျက်တဲ့နေ့တွေမှာဆို ပိုသိသာပါတယ်။ ဒါကြောင့် ဟောက်တာပျောက်ချင်ရင်၊ သက်သာချင်ရင် အိပ်ရေးဝအောင်အိပ်ဖို့လည်း မမေ့ပါနဲ့။

ခေါင်းကိုလျှောပြီးအိပ်ပါ

ပုံမှာပြထားသလို ခေါင်းကိုလျှောပြီး အိပ်ပေးတာက ဟောက်တာသက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းပါပဲ။ အိပ်တာပုံမကျရင်လည်း အရမ်းဟောက်ပါတယ်။

အိပ်ယာမဝင်ခင်အရက်သောက်တာလျှော့ပါ

အိပ်ယာမဝင်ခင် ၃ နာရီအလိုလောက်ကစပြီး အရက်မသောက်ပါနဲ့။ သောက်နေကျဖြစ်တဲ့သူဆိုရင် လျှော့သောက်ပေးပါ။

နှာခေါင်းနဲ့ပတ်သက်ပြီး Allergies ရှိရင်ကုသပါ

နှာခေါင်းနဲ့ပတ်သက်ပြီး Allergies ရှိရင် ပျောက်အောင် ဆရာဝန်နဲ့ သေချာပြပြီးကုသပါ။ အဲ့တာကြောင့်လည်း ဟောက်တာက ပိုဆိုးစေပါတယ်။ ဟောက်တတ်ပါတယ်။

စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှုများရင်လည်း ဟောက်တတ်ပါတယ်။ ဟောက်လေ့မရှိတဲ့သူတောင် အရမ်းစိတ်ဖိစီးမှုများတဲ့နေ့တွေမှာ ဟောက်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ တရားထိုင်တာမျိုးလည်း လုပ်ပေးလို့ရပါတယ်။

ဝိတ်လျှော့ပါ

အဝလွန်တဲ့သူတွေဆီမှာ ဟောက်တာက ပိုပြီးအဖြစ်များပါတယ်။ ဝိတ်လျှော့ပေးရင် ဟောက်တာ သက်သာလာမှာပါ။ ပုံမှန်ဝတာက အဆင်ပြေပါတယ်။ အရမ်းအဝလွန်မှသာ ဝိတ်လျှော့တာမျိုး လုပ်ပေးပါ။