အိပ်တဲ့အခါမှာ ဟောက်တတ်တဲ့အကျင့်ကို ပျောက်အောင်ကူညီပေးနိုင်တဲ့ ရိုးရှင်းသော နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

ဘေးတစ်စောင်းအိပ်ပါ

ပက်လက်အိပ်ရင် ပိုပြီးဟောက်ပါတယ်။ ဒါကြောင့် ဘေးတစ်စောင်းအိပ်ကြည့်ပါ။ တစ်ခါတစ်လေကျရင် အိပ်တဲ့ပုံစံမမှန်ရင်လည်း ဟောက်တတ်တာကြောင့် အနေအထားကို ဂရုစိုက်ပေးပါ။

ဝိတ်လျှော့ပါ

အရမ်းဝနေရင်လည်း အိပ်ရင်ဟောက်တာမျိုး ခဏခဏဖြစ်ပါတယ်။ တချို့ဆို အကျင့်ကိုဖြစ်သွားတာပါ။ ဒါကြောင့် အရမ်းဝနေတယ်ဆိုရင် ဝိတ်လျှော့ပါ။ အားကစားပုံမှန်လုပ်ကြည့်ပါ။

ဆေးလိပ်သောက်တာရှောင်ပါ

ဆေးလိပ်သောက်နေတဲ့သူတွေဆိုရင် ဆေးလိပ်ကို ဖြေးဖြေးချင်းစီဖြတ်ကြည့်ပါ။ ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။

အိပ်ခါနီးအရက်မသောက်ပါနဲ့

အိပ်ခါနီး နာရီပိုင်းအနည်းငယ်လောက်အလိုမှာ အရက်မသောက်ပါနဲ့။ အိပ်ခါနီးမှာ သောက်တတ်တယ်ဆိုရင်လည်း ဆင်ခြင်ကြည့်ပါ။ ဟောက်တာလျော့သွားပါလိမ့်မယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝရင်၊ ပင်ပန်းရင် ဟောက်လေ့မရှိတဲ့သူတောင်မှ ဟောက်တတ်ပါတယ်။ ဟောက်လေ့ရှိတဲ့သူဆိုရင် ပိုပြီးအကျယ်ကြီးဟောက်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။ ပင်ပန်းလာတဲ့နေ့တွေဆို စောစောအိပ်ပါ။

Nasal strips or an external nasal dilator

ဟောက်တာအရမ်းဆိုးတဲ့သူတွေဆိုရင်တော့ ဆရာဝန်နဲ့ပြတာပဲဖြစ်ဖြစ်၊ Nasal strips or an external nasal dilator တွေ ဝယ်တပ်တာမျိုးပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒါကလည်း ဟောက်တာကို လျော့ကျစေတဲ့ နည်းလမ်းပါပဲ။