ဘဝမှာ အောင်မြင်မှုရရှိဖို့ဆိုတာကလည်း ကိုယ့်ရဲ့လုပ်ဆောင်မှုတွေ၊ ကိုယ့်ရဲ့အလေ့အကျင့်တွေ အပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒါကြောင့် အေထောက်အကူဖြစ်မယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ပုံမှန်သာ ဒီအတိုင်းတွေ လုပ်သွားမယ်ဆိုရင် သေချာပေါက် အောင်မြင်မှုရရှိလာမှာပါ။

စာများများဖတ်ပါ

စာများများဖတ်ခြင်းကြောင့် ဗဟုသုတတွေ အများကြီးရရှိလာပြီး ၊ အတွေးအခေါ်အသစ်တွေလည်း ရလာစေပါတယ်။ သူများထက်ပိုပြီး တွေးခေါ်တတ်လာမယ်။ အရာရာကို စဉ်းစားဆင်ခြင်ပြီး ဒီထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ့် အတွေးအခေါ်တွေ ရလာပါမယ်။ ကိုယ်လုပ်မယ့် အရာတွေအပေါ်မှာလည်း ကောင်းသောသက်ရောက်မှုတွေပဲ ရှိလာမှာပါ။

ရည်မှန်းချက်ထားပါ

အောင်မြင်မှုရရှိဖို့အတွက် ရည်မှန်းချက်ရှိမှရမှာပါ။ ရည်မှန်းချက်မရှိရင် ကိုယ်က ဘာအတွက်ကြိုးစားနေမှန်းမသိပဲ လမ်းပျောက်လာမယ်၊ ပင်ပန်းလာတဲ့အခါ စိတ်ပျက်အားလျော့လာပါမယ်။ ဒါကြောင့် ရည်မှန်းချက်ထားပြီး ဖြစ်အောင်လုပ်ပါ။

ချွေတာစုဆောင်းပါ

အောင်မြင်မှုပန်းတိုင်ဆီ မရောက်ခင်မှာ အရာရာကို ချွေတာပြီး သုံးစွဲပါ။ မလိုအပ်တာတွေ မဝယ်ပဲ မသုံးပဲနေပါ။ ပိုက်ဆံကို စုဆောင်းပြီး သေချာ Management လုပ်ပါ။ ကိုယ့် Target အတွက် သေချာစုပြီး ဖြစ်အောင်လုပ်မယ်ဆိုရင် မြန်မြန်အောင်မြင်မှု ရလာမှာပါ။

စိတ်ရှည်ပါ

ဘယ်အရာကိုမဆို စိတ်ရှည်မှသာ အောင်မြင်မှုရမှာပါ။ အောင်မြင်ဖို့ဆိုတာက အခက်အခဲတွေလည်း အများကြီးရှိသလို အချိန်လည်းကြာမှာပါပဲ။ စိတ်မရှည်ရင်တော့ လမ်းတစ်ဝက်မှာတင် ဘာမှမဖြစ်မြောက်ပဲ ပြီးသွားမှာပါ။ ဒါကြောင့် စိတ်ရှည်ဖို့လိုပါတယ်။

စိတ်ဓာတ်မပျော့ညံ့ပါနဲ့

စိတ်ဓာတ်ပျော့ညံ့ရင် အခက်အခဲတွေနဲ့ကြုံတွေ့တဲ့အခါ၊ ပင်ပန်းလာတဲ့အခါ၊ သူများရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကို ကြားရတဲ့အခါ စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်မိမှာပါ။ ဒါကြောင့် စိတ်ဓာတ်မာဖို့ လိုပါတယ်။ စိတ်ဓာတ်မပျော့ညံ့ပါနဲ့။