အတွေးတွေလွန်ပြီး Overthinking ဖြစ်တာမျိုးက အားတဲ့အချိန်မှာပဲ ဖြစ်တာပါ။ အားနေတော့ တွေးရင်းနဲ့ အတွေးတွေလွန်ကုန်တာမျိုးပေါ့။ လူတိုင်းက ညဘက်တွေမှာ ပိုပြီးတော့ အတွေးများတတ်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ Overthinking ဖြစ်တဲ့စိတ်ကို လျော့ကျအောင် ကူညီပေးမယ့် Tips တွေကို မျှဝေပေးလိုက်ပါတယ်။

စာဖတ်ခြင်း

ညအိပ်ခါနီးမှာ စာဖတ်ပေးတာက မျက်စိညောင်းပြီး အမြန်ဆုံး အိပ်ပျော်စေပါတယ်။ စာထဲကို စိတ်ရောက်နေတဲ့အတွက် တခြားကိုလည်း အတွေးမရောက်တော့ဘူးပေါ့။ စာမဖတ်ချင်တဲ့သူဆိုရင် ပုံခြယ်တာမျိုးလည်း လုပ်ပေးလို့ရပါတယ်။

အသက်ရှူလေ့ကျင့်ခန်းနဲ့ ယောဂ

ယောဂကျင့်ရတာ ဝါသနာပါရင် အိပ်ခါနီး ယောဂကျင့်တာမျိုးလုပ်ပေးပါ။ စိတ်ဖိစီးမှုတွေနဲ့ Overthinking ဖြစ်တာတွေကို လျော့ကျစေပါတယ်။ ယောဂမကျင့်ချင်တဲ့သူဆိုရင် အိပ်ခါနီးမှာ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုး၊ တရားထိုင်တာမျိုး လုပ်ပေးလို့ရပါတယ်။

Herbal Tea

မအိပ်ခင်မှာ Herbal Tea တစ်ခုခုကို ပူပူလေးမှုတ်သောက်ပေးပါ။ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးပါတယ်။ ဒီတော့ အတွေးတွေလည်း မလွန်တော့ဘူး၊ Overthinking လည်းမဖြစ်တော့ဘူးပေါ့။

Lavender Essential Oil

ကိုယ့်အခန်းထဲမှာ Lavender Essential Oil ရှူပေးတာမျိုး (သို့) Lavender အနံ့ Candle ထွန်းပေးတာမျိုးကို လုပ်ပေးတာကလည်း စိတ်ကြည်နူးမှုရစေပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေပါတယ်။ Stress တွေလည်း လျော့ကျစေလို့ Overthinking ဖြစ်မှုကို လျော့ကျစေပါတယ်။

ဖုန်းသုံးတာလျှော့ချခြင်း

Overthinking ဖြစ်တဲ့သူအတွက် အကောင်းဆုံးကတော့ ဖုန်းသုံးတာလျှော့ဖို့ပါပဲ။ အဓိကကတော့ Social Media ပါပဲ။ အိပ်ခါနီး အနည်းဆုံး တစ်နာရီအလိုလောက်ကစပြီး ဖုန်းမသုံးပါနဲ့တော့။ ဖုန်းသုံးရင် မျက်စိကြောင်ပြီး အိပ်မပျော်တော့ အတွေးတွေပိုများလာစေတယ်၊ Social Media အသုံးများတော့ အကြောင်းအမျိုးမျိုးနဲ့ အတွေးတွေလွန်ပြီး Overthinking ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်းသုံးတာလည်း လျှော့ဖို့လိုပါတယ်။