အသားအရေက sunburn ဖြစ်ပြီး နေလောင်ခံထားရရင် အရမ်းဂရုစိုက်ရပါတယ်။ ဂရုမစိုက်ပဲ လုပ်ချင်တာလုပ်ရင်၊ ဘာမှမလုပ်ပဲ ပစ်ထားရင် အသားအရေက အရမ်းကိုထိခိုက်ပျက်စီးမှာပါ။ ဒါကြောင့် မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် နေလောင်ခံရရင် သတိထားလို့ရအောင် ဒီအရာတွေကို သိထားဖို့လိုပါတယ်။

နေလောင်ခံထားရတဲ့အသားအရေမှာ မိတ်ကပ်လုံးဝမလိမ်းသင့်ပါဘူး။ မိတ်ကပ်လိမ်းတာ၊ မိတ်ကပ် brush တွေသုံးတာဟာ အသားအရေကို ပိုပြီး ထိခိုက်ပျက်စီးစေပါတယ်။ နေလောင်ခံထားရရင် အရင်လို လိမ်းချင်တိုင်းလိမ်းလို့မရပါဘူး။ အသားအရေက အရမ်းနုသွားတဲ့အတွက် သေချာဂရုစိုက်ပေးရပါတယ်။

နေလောင်ခံထားရတဲ့အသားအရေကို ရှားစောင်းလက်ပတ်ဂျယ်လ် သုံးခိုင်းတယ်ဆိုတာက ရှားစောင်းလက်ပတ်အပင်ကရတဲ့ လတ်လတ်ဆတ်ဆတ် အတွင်းကဂျယ်လ်နဲ့ ပွတ်ခိုင်းတာပါ။ ပါဝင်ပစ္စည်းတွေပါတဲ့ အသင့်သုံး ရှားစောင်းလက်ပတ်ဂျယ်လ်တွေကို သုံးခိုင်းတာမဟုတ်ပါဘူး။ ဘာမှမပါတဲ့ ဒီအပင်ထဲကဂျယ်လ်ကသာ နေလောင်ထားတာတွေ၊ နီမြန်းနေတာတွေကို သက်သာစေတာပါ။

နေလောင်ခံထားရတဲ့အသားအရေက အရမ်းကိုနုပြီး sensitive ဖြစ်သွားတဲ့အတွက် အဝတ်အစားဝတ်တဲ့အခါမှာလည်း ဂရုစိုက်ရပါတယ်။ အရမ်းကျပ်တဲ့အဝတ်တွေ၊ ဂျင်းအကျပ်တွေ၊ အသားကြမ်းတဲ့အဝတ်တွေကို မဝတ်ဆင်သင့်ပါဘူး။ ချည်သားလက်ရှည်လေးတွေကို ဝတ်ပေးတာ အသင့်တော်ဆုံးပါပဲ။

နေလောင်ခံထားရတဲ့အသားအရေကို scrub တိုက်တာ၊ exfoliate လုပ်တာမျိုး လုံးဝမလုပ်ရပါဘူး။ အရေပြားစပ်တာ၊ နီရဲပြီး အသားပဲ့တာတွေအထိပါ ဖြစ်တတ်ပါတယ်။ အသားအရေလည်း အရမ်းကိုထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် sunburn ဖြစ်ပြီး အနည်းဆုံး ၇ ရက် scrub မတိုက်ရပါဘူး။ exfoliate မလုပ်ရပါဘူး။

Sunburn ဖြစ်ပြီး နေလောင်ခံထားရချိန်မှာ body lotion သုံးရင် alcohol ပါတာကိုမသုံးရပါဘူး။ alcohol-free ဖြစ်တာကို ပြောင်းသုံးပေးရပါတယ်။

နေလောင်ခံထားရချိန်မှာ SPF ပါတဲ့ moisturizer ကို တန်းလိမ်းတာမျိုးမလုပ်ရပါဘူး။ အရင်က ဒီလိုပဲလိမ်းနေကျဆိုလည်း နေလောင်ခံထားရချိန်မှာတော့ မလိမ်းသင့်ပါဘူး။ Sunscreen သပ်သပ်ထပ်လိမ်းပေးရပါမယ်။

source:www.brightside.me