တစ်ခါတစ်လေကျရင် depression ဝင်နေတဲ့သူကို ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူးပြောလိုက်ပေမယ့် သူတို့စိတ်ထဲ ပိုဝမ်းနည်းသွားတာမျိုး၊ စိတ်အခြေအနေပိုဆိုးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် depression ဝင်နေတဲ့သူတစ်ယောက်ကို လုံးဝမပြောသင့်တဲ့အရာတွေနဲ့ သူတို့ကို ဘယ်လိုတွေ ကူညီပေးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

Blame မလုပ်ပါနဲ့

Depression ဝင်နေတဲ့သူကို ဒီလောက်လေးနဲ့ ဘာလို့ဒီလိုဖြစ်နေတာလဲတို့၊ over ဖြစ်တယ်တို့ စသဖြင့် အပြစ်တင်ဝေဖန်ပြောဆိုပြီး blame တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်စကားကြောင့်၊ ကိုယ့်အပြောအဆိုတွေကြောင့် တစ်ဖက်လူရဲ့ စိတ်ခံစားမှုက အခြေအနေပိုဆိုးသွားနိုင်ပါတယ်။

အရှက်ရအောင်မပြောပါနဲ့

Depression ဝင်နေတဲ့သူတစ်ယောက်ကို အရှက်ရအောင်ပြောဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ စကားပြောတဲ့အခါမှာ ထိန်းပြီးပြောသင့်ပါတယ်။ လူတစ်ယောက်က အရမ်း depression ဝင်နေပြီဆိုရင် ဘဝကိုအရှုံးပေးချင်စိတ်တွေ ဖြစ်နေတာပါ။ ဒီအချိန်မှာ ကိုယ်မဆင်မခြင်ပြောလိုက်တဲ့စကားကြောင့် တစ်ဖက်လူ ဒုက္ခရောက်တာမျိုး မဖြစ်ပါစေနဲ့။

ပိုပြီးစိတ်ဓာတ်ကျစေမယ့်စကားတွေမပြောပါနဲ့

Depression ဝင်နေတဲ့သူပြောသမျှကို နားထောင်ပြီး အားပေးနှစ်သိမ့်ရမယ့်အစား ကိုယ်ကပါရောယောင်ပြီး စိတ်ညစ်စေမယ့်စကားတွေ၊ ပိုပြီးစိတ်ဓာတ်ကျစေမယ့် စကားတွေ မပြောရပါဘူး။ သူပြောသမျှကို follow လိုက်ပြီး negative ဘက်ကနေပြောနေမယ့်အစား အကောင်းဘက်ကနေလှည့်ပြီး ပြောပေးပါ။ အားတက်စေမယ့်စကားတွေ ပြောပေးပါ။

လျစ်လျှူမရှုထားပါနဲ့

Depression ဝင်နေတဲ့သူတွေက တစ်ယောက်ထဲနေချင်သလို၊ သူများရဲ့အားပေးဂရုစိုက်မှုတွေကိုလည်း လိုချင်ကြတာပါ။ ဒါကြောင့် သူတို့ကို လျစ်လျှူရှုပြီး ပစ်မထားပါနဲ့။ အနားမှာနေပြီး ပျော်စရာကောင်းတာလေးတွေ ဖန်တီးပေးပါ။ သူတို့ပြောဆိုတဲ့အခါမှာလည်း အချိန်ပေးပြီး သေချာနားထောင်ပေးပါ။