မျက်တောင်ကလည်း ကျွတ်ပြီးရင် ပြန်ထွက်ဖို့၊ ရှည်ဖို့က အချိန်ကြာပါတယ်။ ဒါကြောင့် မျက်တောင်ကျွတ်တာမျိုးမဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။ အဓိကကတော့ ဒီအချက်တွေကြောင့် မျက်တောင်ကျွတ်တာ များပါတယ်။ ဒါကြောင့် ဆင်ခြင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

လက်နဲ့မပွတ်ပါနဲ့

အဖြစ်အများဆုံးကတော့ မျက်လုံးကို လက်နဲ့အရမ်းပွတ်လို့ပါပဲ။ မျက်လုံးယားလို့ပွတ်လည်း မျက်တောင်က ကျွတ်တာပါပဲ။ ဒါကြောင့် လက်နဲ့မပွတ်မိအောင် သတိထားရပါမယ်။ မျက်လုံးအရမ်းယားလို့ ပွတ်ချင်ရင်တောင်မှ အရမ်းပွတ်တာမျိုး မလုပ်ပါနဲ့။

မျက်တောင်တုခဏခဏမတပ်ပါနဲ့

မျက်တောင်တုက ကော်နဲ့ကပ်ရတာဖြစ်တဲ့အတွက် ကော်သားမကောင်းရင် ပြန်ခွာတဲ့အခါ မျက်တောင်တွေပါ ကျွတ်ပါတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် တပ်ရင်လည်း ကော်ကောင်းတာမျိုးတပ်ပါ။ ဒါပေမယ့် မျက်တောင်တု ခဏခဏတပ်ရင်လည်း မျက်တောင်ကျွတ်တတ်တာကြောင့် ခဏခဏမတပ်ပါနဲ့။

Mascara ကိုသေချာဖျက်ပါ

Mascara သုံးပြီး ပြောင်အောင်မဖျက်ရင် မျက်တောင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ ဖျက်တဲ့အခါမှာလည်း အတင်းပွတ်ဖျက်တာတွေ မလုပ်ပဲနဲ့ Eye Remover (သို့) Cleaning Oil, Cleansing Balm စတာတွေနဲ့ ဖျက်ပေးတာက ပိုကောင်းပါတယ်။ အရမ်းလည်းပွတ်ဖျက်စရာ မလိုတဲ့အတွက် မျက်တောင်ကျွတ်တာ၊ မျက်လုံးနားတစ်ဝိုက် အသားအရေထိခိုက်တာမျိုးလည်း မဖြစ်တော့ဘူးပေါ့။

Makeup မဖျက်ပဲမအိပ်ပါနဲ့

Makeup မဖျက်ပဲအိပ်တဲ့အခါ မျက်နှာအသားအရေ ပျက်စီးသလို မျက်တောင်လည်း ကျွတ်စေပါတယ်။ ကိုယ်က Mascara သုံးတယ်၊ Eyeliner သုံးတယ်၊ Eyeshadow သုံးတယ်ဆိုရင် ပိုတောင်သတိထားပြီး Cleansing လုပ်ပေးရပါမယ်။

Expired ဖြစ်နေတာမသုံးပါနဲ့

အသားအရေပေါ်တင်ရမယ့် ပစ္စည်းတွေကို ပြီးစလွယ်မသုံးပါနဲ့။ Expired ဖြစ်တာတွေ သုံးမိရင် ကိုယ့်အသားအရေပဲ ထိခိုက်ပျက်စီးမှာပါ။ မျက်လုံးနားတစ်ဝိုက် သုံးတာတွေဆိုရင် ပိုတောင်ဂရုစိုက်ရမှာပါ။ Expired ဖြစ်နေတဲ့ Mascara ကိုသုံးတဲ့အခါ မျက်လုံးစပ်တာ၊ ယားတာ၊ မျက်တောင်ကျွတ်တာတွေ ဖြစ်စေပါတယ်။