ကိုယ့်အကြောင်းနဲ့ကိုယ် အကြောင်းအမျိုးမျိုးကြောင့် ရေမချိုးဖြစ်တဲ့နေ့တွေမှာလည်း ကိုယ့်ဆီကနေ အနံ့အသက်ဆိုးတွေ ထွက်နေတာမျိုး၊ ချွေးနံ့၊ ကိုယ်နံ့ အရမ်းနံနေတာမျိုးတွေ မဖြစ်အောင် လုပ်ပေးသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ကိုယ်ကို confident ရှိနေစေမယ်၊ ဘေးကသူတွေအတွက်လည်း အဆင်ပြေပါမယ်။ ဒါကြောင့် ရေမချိုးတဲ့ရက်တွေမှာ ခန္ဓာကိုယ်က အနံ့အသက်ဆိုးထွက်တာမျိုး မဖြစ်စေဖို့ လုပ်ပေးသင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

ဆေးကြောပါ

ရေမချိုးရင်တောင်မှ ဆေးကြောတာတော့ လုပ်ပေးပါ။ နောက်ဆုံး ဆေးကြောဖို့ အဆင်မပြေဘူးဆိုရင်တောင်မှ wet tissue နဲ့ လည်ပင်း၊ ဂုတ်၊ ဂျိုင်း၊ ပေါင်းကြား စတဲ့ ၄ နေရာကို သေချာပွတ်ပြီး သန့်ရှင်းပေးပါ။

Deodorant သုံးပါ

ဂျိုင်းက အနံ့အသက် အထွက်ဆုံးနေရာဖြစ်တာကြောင့် deodorant သုံးပေးပါ။ ဂျိုင်းနံ့ထွက်တတ်တဲ့သူတွေက ရေမချိုးတဲ့အခါမှာ ဂျိုင်းကို သေချာသန့်ရှင်းရေးလုပ်ပြီး ချွေးနံ့သေချာထိန်းတဲ့ deodorant တွေကို ရွေးသုံးပေးပါ။

အတွင်းခံလဲပါ

ရေမချိုးရင်တောင် အတွင်းခံတော့ လဲပေးပါ။ ရေမွှေးဘယ်လောက်သုံးသုံး အတွင်းခံကို နေ့တိုင်းမလဲပေးရင် တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိသလို၊ အနံ့အသက်ဆိုးတွေလဲ ထွက်စေပါတယ်။

ခြေအိတ်လဲပါ

ခြေအိတ်ဝတ်ရတဲ့သူတွေဆိုရင် ဝတ်ပြီးသားခြေအိတ် ပြန်မဝတ်ပါနဲ့။ တစ်နေ့တစ်စုံ လဲပေးပါ။ ခြေအိတ်က အနံ့အသက်ဆိုး အထွက်ဆုံးပါပဲ။

ခန္ဓာကိုယ်အနံ့ဆိုးထွက်စေတဲ့အစားအသောက်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတဲ့ ခန္ဓာကိုယ်အနံ့ဆိုးထွက်စေတဲ့ အစားအသောက်တွေကို လုံးဝမစားပဲနေပေးပါ။ ခံတွင်းအနံ့နံတဲ့အပြင် ခန္ဓာကိုယ်နဲ့ ဂျိုင်းနံ့နံတာတွေပါ ဖြစ်စေပါတယ်။ ရေမချိုးထားရင် ပိုဆိုးတာကြောင့် ရှောင်ပေးတာ အကောင်းဆုံးပါပဲ။