Underwear ကို နေ့တိုင်းဝတ်တာက မကောင်းပါဘူး။ အိမ်မှာနေရင် မဝတ်ပဲနေသင့်ပါတယ်။ တော်တော်များများကတော့ Bra ကို အိပ်တဲ့အချိန် ချွတ်အိပ်ကြပါတယ်။ ဒါပေမယ့် underwear ကိုတော့ ဝတ်ပြီး အိပ်တတ်ကြပါတယ်။ Underwear ကို နေ့တိုင်းဝတ်ထားမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဒီအရာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်နံ့ဆိုးထွက်ခြင်း

Underwear ကို အမြဲတမ်းဝတ်ထားရင် ချွေးထွက်ပြီး ကိုယ်နံ့ဆိုးထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အမြဲတမ်းမဝတ်တာ ကောင်းပါတယ်။ အိမ်မှာနေရင် မဝတ်ပဲနေကြည့်ပါ။ Underwear ရွေးချယ်တဲ့အခါမှာ လှောင်ပိတ်နေတာမျိုးတွေ ဝတ်မယ်ဆိုရင် ချွေးတွေထွက်ပြီး အနံ့ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းတာမျိုးကို ရွေးချယ်ပါ။

အရေပြားနီရဲကျိန်းစပ်ခြင်း

နေ့တိုင်း တစ်ချိန်လုံး underwear ဝတ်ထားခြင်းကြောင့် ကြာလာရင် ပေါင်ပွန်းတာ၊ ပေါင်ကြားတွေ နီရဲကျိန်းစပ်တာမျိုး ဖြစ်လာတတ်ပါတယ်။ ကျပ်တာတွေဝတ်မိရင် ခါးနေရာမှာ အရာတွေထင်ပြီး စပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Allergies ဖြစ်ခြင်း၊ အရေပြားယားယံခြင်း

Underwear ကို အမြဲတမ်းဝတ်ထားခြင်းကြောင့် အရေပြားယားယံတာ၊ allergies ထတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ Bra ပဲဖြစ်ဖြစ်၊ underwear ပဲဖြစ်ဖြစ် အမြဲဝတ်ထားရင် ချွေးနဲ့ အဝတ်သားနဲ့ ပွန်းပြီးယားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ချွေးထွက်ပိုများလာခြင်း

အမြဲတမ်း၊ တစ်ချိန်လုံး underwear ဝတ်ထားတော့ နေရတာ ပေါ့ပါးလွတ်လပ်မှုမရှိသလို တစ်ခါတစ်လေကျရင် ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့အချိန်တွေမှာပါ။ အဲ့လိုအချိန်တွေမှာ underwear ဝတ်ထားရင် ချွေးထွက်ပိုများလာပါတယ်။ ချွေးထွက်ရင်တော့ အနံ့အသက်က ထွက်တတ်တာကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ ကိုယ်က မဝတ်ပဲမနေတတ်ဘူးဆိုရင်တောင်မှ ညအိပ်တဲ့အချိန်တော့ မဝတ်တာကောင်းပါတယ်။

source:www.brightside.me