ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်ဘူးဆိုရင် ဒီအရာတွေကို လုပ်နေမိလားဆိုတာ ပြန်စစ်ကြည့်ပါ။ ဒါတွေက သင့်ရဲ့အိပ်စက်မှုကို အနှောင့်အယှက်ပေးနေတဲ့ အရာတွေပဲဖြစ်ပါတယ်။

Screen Time များခြင်း

အိပ်ခါနီ ၂ နာရီအလို အနည်းဆုံးတော့ ၁ နာရီအလိုလောက်မှာထဲက Screen Time ဖြတ်လိုက်တာ ကောင်းပါတယ်။ မဟုတ်ရင်တော့ ဖုန်းသုံး၊ TV ကြည့်နဲ့ မျက်စိကြောင်ပြီး တော်ရုံနဲ့ အိပ်မပျော်တော့ပါဘူး။ တစ်ခါတစ်လေဆိုရင် စိတ်ကအိပ်ချင်နေပေမယ့် မျက်စိကြောင်နေလို့ အိပ်မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက ပိုပင်ပန်းစေပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်း

ညဘက်ရောက်မှ ကော်ဖီ၊ လက်ဖက်ရည်သောက်မယ်ဆိုရင်လည်း မျက်စိကြောင်ပြီး တော်ရုံနဲ့ အိပ်မပျော်ပါဘူး။ အိပ်မပျော်ရင် နောက်နေ့မှာ ခေါင်းမကြည်၊ စိတ်မကြည်ဖြစ်ပြီး နေရတာအဆင်မပြေ ဖြစ်တတ်ပါတယ်။

အတွေးများနေခြင်း

ညအိပ်တော့မယ်ဆိုရင် အတွေးတွေများပြီး Oerthinking ဖြစ်နေရင်လည်း တော်ရုံနဲ့ အိပ်မပျော်တော့ပါဘူးနော်။ အတွေးတွေများပြီး စိတ်ညစ်လာပါလိမ့်မယ်။ နေ့တိုင်း အဲ့လိုဖြစ်နေရင် အကျင့်ပါပြီး နောက်လည်း ညဆိုတော်ရုံနဲ့အိပ်မပျော်ပဲ အတွေးများနေတာမျိုး စိတ်ပင်ပန်းရတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

အိပ်စက်ချိန်ပုံမှန်မရှိခြင်း

အိပ်စက်ချိန်ပုံမှန်မထားပဲ အိပ်ချင်တဲ့အချိန်မှအိပ်တာမျိုး၊ ညသန်းခေါင်အထိမအိပ်ပဲ ၂ နာရီ၊ ၃ နာရီမှအိပ်ပြီး မနက်ကျ တော်ရုံနဲ့မထတာမျိုးတွေကလည်း ကောင်းကောင်း အိပ်မပျော်နိုင် ဖြစ်စေပါတယ်။

ရင်ပြည့်စာတွေစားခြင်း

ညဘက်ရောက်မှ အများကြီးစားတာ၊ ရင်ပြည့်စာတွေစားတာတွေကြောင့် အစာကောင်းကောင်းမခြေနိုင်တဲ့အတွက် အစာမကြေတာ၊ ရင်ထဲနေလို့မကောင်းတာတွေဖြစ်ပြီး တော်ရုံနဲ့ အိပ်မပျော် ဖြစ်စေပါတယ်။