ကိုယ်လုပ်ချင်တာကိုမလုပ်နိုင်ပဲ တစ်ခုခုဆို သူများကငါ့ကိုဘယ်လိုထင်သွားမလဲ၊ ဘယ်လိုမြင်သွားမလဲ စသဖြင့် သင်ဟာ တခြားသူတွေရဲ့အမြင်ကို အရမ်းဂရုစိုက်နေတတ်တဲ့သူဖြစ်ကြောင်း ဒီအချက်တွေနဲ့တင် သိနိုင်ပါတယ်။

ကိုယ့်ခံစားချက်ကိုထုတ်မပြရဲခြင်း

ကိုယ့်ခံစားချက်ကိုထုတ်ပြလိုက်ရင်၊ ကိုယ့်စိတ်ထဲဖြစ်နေတဲ့အတိုင်း နေပြလိုက်ရင် သူငါ့ကိုမုန်းသွားမလား၊ ဘယ်လိုထင်သွားမလဲဆိုပြီး သူများရဲ့အထင်အမြင်တွေကိုပါ လိုက်စဉ်းစားပြီး ကိုယ့်ခံစားချက်ကို အမှန်အတိုင်း ထုတ်မပြရဲတော့ပါဘူး။

ဆုံးဖြတ်ချက်မချရဲခြင်း

တစ်ခုခုဆိုရင် ကိုယ်ကြိုက်သလို ဆုံးဖြတ်ချက်ချပြီး မလုပ်ရဲပဲ သူများရဲ့အထင်အမြင်တွေကိုပဲ လိုက်စဉ်းစားနေတာမျိုး၊ သူများရဲ့ဆုံးဖြတ်ချက်တွေကို လိုက်မေးနေတာမျိုး၊ ငါဒီလိုဆုံးဖြတ်လိုက်ရင် သူတို့ဘယ်လိုမြင်သွားမလဲ စတဲ့ စိုးရိမ်ပူပန်စိတ်တွေနဲ့ အရာရာကိုလိုက်တွေးနေရင်တော့ သေချာပါတယ်။ သင်ဟာ တခြားသူရဲ့အမြင်ကို အရမ်းဂရုစိုက်တတ်တဲ့သူပါပဲ။

ကိုယ်လုပ်ချင်တာလုပ်ဖို့အမြဲတွေဝေနေခြင်း

သူများရဲ့အမြင်ကို အရမ်းဂရုစိုက်တတ်တဲ့သူတွေက ကိုယ့်အမြင်အတိုင်း ကိုယ်ကြိုက်သလိုမလုပ်ပဲ သူများရဲ့အမြင်တွေကိုပါ လိုက်ဂရုစိုက်ပြီးတွေးနေတော့ ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာလုပ်ဖို့ကို အမြဲတွေဝေပြီး အကြာကြီးစဉ်းစားနေတတ်ကြပါသေးတယ်။

သူများအထင်အမြင်ကိုသာ ဦးစားပေးခြင်း

သူများရဲ့အမြင်ကို အရမ်းဂရုစိုက်တတ်တဲ့သူတွေက ကိုယ်လုပ်ချင်တာထက် သူများရဲ့အမြင်ကိုသာ ဦးစားပေးပြီး ရွေးချယ်တတ်ကြပါတယ်။ သူများအမြင်ကို ဂရုစိုက်ပြီး ဦးစားပေးနေတာတွေက သူများစိတ်နဲ့ အသက်ရှင်နေရသလိုပါပဲ။

ဒါကြောင့် ကိုယ်လုပ်ချင်တာရှိရင် ကိုယ့်စိတ်နဲ့ကိုယ် ကြိုက်သလိုသာလုပ်ပါ။ ဘယ်သူ့အတွေးအမြင်ကိုမှ ဂရုမစိုက်ပါနဲ့။ ကိုယ်ပျော်ဖို့၊ စိတ်ချမ်းသာဖို့ကိုသာ စဉ်းစားပါ။ ကိုယ့်စိတ်နဲ့ကိုယ်နေပါ။