ဝမ်းဗိုက်အဆီကျစေဖို့အတွက် မနက်ပိုင်းမှာလုပ်ဆောင်ရမယ့် အရာတွေကို ပြောပြပေးလိုက်ပါတယ်။ အချိန်တွေအများကြီးပေးစရာမလိုပဲ မနက်ပိုင်းမှာ ဒီအရာတွေကို နေ့တိုင်းပုံမှန်လုပ်ဆောင်သွားရုံနဲ့တင် ဝမ်းဗိုက်အဆီတွေက ဖြေးဖြေးချင်းစီ ကျသွားမှာပါ။

ဗိုက်ချပ်လေ့ကျင့်ခန်းလုပ်ပါ

မနက်ပိုင်းမှာ ဗိုက်ချပ်စေတဲ့ လေ့ကျင့်ခန်း ၅ ခုလောက်ကို နေ့တိုင်းလုပ်ပေးပါ။ ဗိုက်အဆီကျဖို့အတွက် လေ့ကျင့်ခန်းကတော့ မဖြစ်မနေလုပ်ရမှာပါပဲ။

လမ်းလျှောက် (သို့) စက်ဘီးစီးပါ

မနက်ပိုင်းကို အချိန်ပေးနိုင်ရင် ဗိုက်ချပ်လေ့ကျင့်ခန်းလည်းလုပ်၊ လမ်းလျှောက် (သို့) စက်ဘီးလည်းစီးပါ။ ဒီလိုအချိန်မပေးနိုင်ရင်လည်း အလုပ်ကို တစ်မှတ်တိုင်စာလောက် လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ စက်ဘီးစီးတာပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါသေးတယ်။

မနက်စာစားပါ

မနက်စာ Breakfast ကို လုံးဝအလွတ်မခံပါနဲ့။ Breakfast စားတဲ့အခါမှာ ပရိုတင်းနဲ့အမျှင်ဓာတ်ကြွယ်ဝတာကို စားသုံးပေးပါ။ မနက်စာကို အာဟာရရှိအောင် များများစားပါ။

Juice အစား ရေသောက်ပါ

Breakfast စားတဲ့အချိန်မှာ Juice သောက်ပေးတာက တစ်ခါတစ်လေပဲ ကောင်းပါတယ်။ အမြဲတမ်းဆိုရင် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ ဒါကြောင့် မနက်အိပ်ယာနိုးတာနဲ့ ရေကိုသာများများသောက်ပါ။ တစ်နေကုန် ရေများများသောက်ဖို့ မမေ့ပါနဲ့။ အချိုရည်တွေသောက်မယ့်အစား ရေပဲသောက်ပါ။

Green Tea သောက်ပါ

တော်တော်များများက မနက်စာ Breakfast မှာ ကော်ဖီက မပါမဖြစ်ပါပဲ။ ကော်ဖီပဲသောက်ကြတာ များပါတယ်။ ကိုယ်က ဗိုက်အဆီကျချင်တာဆိုရင်တော့ ကော်ဖီမသောက်ပါနဲ့။ Green Tea ပဲ နေ့တိုင်းသောက်ပါ။

နေ့လည်စာကိုအသီးအရွက်များများစားပါ

နေ့လည်စာ ထမင်းစားတဲ့အခါမှာ ထမင်းနည်းနည်း ဟင်းသီးဟင်းရွက်များများ စားပေးပါ။ ကြက်ဥပြုတ်တစ်လုံး စားဖြစ်အောင်စားပါ။

စောစောထပါ

မနက်အိပ်ယာထနောက်ကျတာမျိုး မဖြစ်ပါစေနဲ့။ အိပ်ချိန်တွေမမှန်ရင်လည်း ဝိတ်တက်၊ အဆီတက်လာစေပါတယ်။ တစ်နေ့ကို ၈ နာရီပြည့်အောင် အိပ်ဖို့လိုပါတယ်။

Source:www.brightside.me